ထွက်မြောက် 33:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထာဝရဘုရားကလည်း “ငါ၏ကောင်းမြတ်ခြင်းအလုံးစုံတို့ကို မျက်ဝါးထင်ထင်သင်မြင်ရမည်။ ထာဝရဘုရား၏နာမကို သင့်ရှေ့၌ ကြေညာမည်။ ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ထာ ဝ ရ ဘု ရား က၊ ငါ့ တင့် တယ် ခြင်း ရှိ သ မျှ ကို သင့် မျက် မှောက်၌ ထင် ရှား စေ၍ ငါ ထာ ဝ ရ ဘု ရား၏ နာ မ ကို လည်း သင့် ရှေ့၌ ငါ ကြော် ငြာ မည်။ ငါ ကျေး ဇူး ပြု မည့် သူ့ ကို ကျေး ဇူး ပြု မည်။ ငါ သ နား မည့် သူ ကို လည်း သ နား မည် ဟူ ၍ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible19 ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
သူတို့သည် ခိုင်ခံ့သောမြို့များနှင့် မြေဩဇာကောင်းသောပြည်ကို သိမ်းပိုက်ကြ၏။ ဥစ္စာရတနာနှင့်ပြည့်သောအိမ်များ၊ တူးပြီးသောရေတွင်းများ၊ စပျစ်ခြံများ၊ သံလွင်ခြံများ၊ သီးစားပင်များစွာကို သိမ်းယူကြ၏။ သူတို့သည် ဝလင်စွာစားကြပြီး ဝဖြိုးကြ၏။ ကိုယ်တော်၏ကြီးမားလှသောကောင်းမြတ်ခြင်းကြောင့် သူတို့ ပျော်ရွှင်ကြည်နူးကြရ၏။