ဆာလံ 17:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible15 ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 အ ကျွန်ုပ် မူ ကား၊ ဖြောင့် မတ် သော အ ဖြစ် ၌ မျက် နှာ တော် ကို ဖူး မျှော် ခွင့်၊ နိုး ထ ရ သည့် ကာ လ၊ ပုံ သ ဏ္ဌာန် တော် နှင့် ရောင့် ရဲ ခွင့် ရ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 အကျွန်ုပ်မူကားဖြောင့်မတ်၍ မျက်နှာတော်ကိုဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဌာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။