သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
တောလည် 11:1 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့် Common Language Bible လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။- Garrad Bible လူ မျိုး တော် သည် ဒု က္ခ အ တွက် နား တော် ရောက် ညည်း ညူ ကြ သည် ကို ထာ ဝ ရ ဘု ရား ကြား တော် မူ လျှင် အ မျက် ထား၍ လောင် မီး ကျ စေ တော် မူ သည့် အ လျောက် တပ် စ ခန်း အ စွန် အ ဖျား တွင် ကျွမ်း သည် နှင့် မော ရှေ အား ဟစ် ကြ ရာ၊ Judson Bible တစ်ဖန် လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။ |
သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
ဧလိယကလည်း “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျလာပြီး သင်နှင့်သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းပြန်၏။
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတမန်တစ်ဦးရောက်လာ၍ “ဘုရားသခင်၏မီးသည် ကောင်းကင်မှကျလာ၍ သိုးနှင့်အစေခံတို့ကို လောင်ကျွမ်းလေပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
ထို့ကြောင့် ထာဝရဘုရားသည် ထိုစကားကိုကြား၍ အမျက်ထွက်တော်မူ၏။ မီးသည် ယာကုပ်အမျိုးပေါ်၌ ထလောင်၍ အမျက်တော်သည်လည်း အစ္စရေးလူမျိုးအပေါ် သက်ရောက်လေ၏။
မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
ထို့နောက် မောရှေက အာရုန်အား “အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ‘သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီဖြစ်၍ ရှေ့တော်သို့ ချဉ်းကပ်ကြလော့’ဟူ၍ ဆင့်ဆိုလော့”ဟု ဆို၏။
အစ္စရေးလူမျိုး၏အလင်းသည် မီးသဖွယ်ဖြစ်၏။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် မီးလျှံသဖွယ်ဖြစ်၏။ တစ်နေ့ချင်းတွင် ထိုဘုရင်၏ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းဝါးမျိုလိမ့်မည်။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်တောကန္တာရတွင် စီရင်ခဲ့သကဲ့သို့ သင်တို့ကို စီရင်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။
သူတို့က “ထာဝရဘုရားသည် မောရှေအားဖြင့်သာ စကားပြောတော်မူသလော။ ငါတို့အားဖြင့်လည်း မိန့်မြွက်တော်မူသည်မဟုတ်လော”ဟု ဆိုကြသည်ကို ထာဝရဘုရားကြားတော်မူ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
“ဤဆိုးညစ်သောလူထုသည် ငါ့ကို မည်မျှကြာအောင် အပြစ်တင်နေကြမည်နည်း။ ငါ့ကို အပြစ်တင်နေကြသည့် အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားရပြီ။
ထို့ကြောင့် သူတို့အား ‘ငါ အသက်ရှင်သည်ဖြစ်၍ ငါကြားသိအောင် သင်တို့ပြောခဲ့သည့်စကားအတိုင်း သင်တို့အား ငါ အမှန်တကယ်ပြုမည်။
ထို့ကြောင့် သင်နှင့်သင့်အပေါင်းပါအားလုံးတို့သည် စုဝေး၍ ထာဝရဘုရားကိုဆန့်ကျင်သောသူများဖြစ်ကြ၏။ အာရုန်သည် မည်သို့သောသူဖြစ်၍ သင်တို့သည် သူ့ကို အပြစ်တင်ကြသနည်း”ဟု ဆိုလေ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ငါရွေးချယ်သောသူ၏တောင်ဝှေးသည် အတက်ပေါက်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ကို အပြစ်တင်နေကြသော အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါရပ်စဲစေမည်”ဟု မိန့်တော်မူ၏။
လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သင်မောပန်းလျက် ခြေကုန်လက်ပန်းကျနေသောအချိန်တွင် လမ်းခရီး၌ သင့်ကိုတွေ့၍ နောက်၌ကျန်ရစ်ခဲ့သောသူအပေါင်းတို့ကို သတ်ဖြတ်ခဲ့ကြ၏။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြ။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
သင်တို့သည် တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ် တို့၌လည်း ထာဝရဘုရားကို အမျက်တော်ထွက်စေခဲ့ကြ၏။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။