ဟေဗြဲ 12:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကြောင်းမူကား ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီးဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible29 အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Judson Bible29 ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း29 “ကျွန်ုပ်တို့၏ ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သောမီးကဲ့သို့ ဖြစ်တော်မူ၏။” အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။