၁ ကော 10:10 - မြန်မာ့စံမီသမ္မာကျမ်း10 သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 လုပ် ကြံ သော စေ တ မန် တော့် လက် ဖြင့် ပျက် စီး ရ သည့် တိုင် အောင် အ ချို့ တို့ သည် ညည်း ညူ သ ကဲ့ သို့ မ ညည်း ညူ ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ထိုသူတချို့ ညည်းညူသကဲ့သို့ မညည်းညူကြနှင့်။ ထိုသူတို့သည် ညည်းညူသောကြောင့် သေမင်းတမန်၏ လက်ချက်ဖြင့် သေကျေပျက်စီးခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။