မြည်တမ်းစကား 3:39 - မြန်မာ့စံမီသမ္မာကျမ်း39 လူ၊ အသက်ရှင်သောလူသည် အဘယ်ကြောင့် မိမိအပြစ်အတွက် စောဒကတက်ရသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible39 ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။ အခန်းကိုကြည့်ပါ။Garrad Bible39 အ သက် ရှင် သေး သော သူ သည်၊ ပြစ် ဒဏ် ခံ ရ သော် လည်း၊ အ ဘယ့် ကြောင့် ညည်း ညူ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible39 အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။