ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
တမန်တော်ဝတ္ထု 13:22 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ဘုရားသခင်သည်ရှောလုကိုဖယ် ရှားပြီးလျှင် ဒါဝိဒ်အားဣသရေလဘုရင် အဖြစ်ချီးမြှောက်တော်မူ၏။ ဘုရားသခင်က `ယေရှဲ၏သားဒါဝိဒ်သည်ငါ၏စိတ်တော်နှင့် တွေ့သူ၊ ငါဆောင်ရွက်စေလိုသမျှတို့ကိုဆောင် ရွက်မည့်သူဖြစ်ကြောင်းငါတွေ့ရှိရပြီ' ဟု ဒါဝိဒ်နှင့်ပတ်သက်၍မိန့်တော်မူ၏။- Garrad Bible နန်း ချ၍ ငါ့ အ လို ခပ် သိမ်း ကို ဆောင် ရွက် မည့် သူ သ ဘော တော် မြတ် ရာ ယေ ရှဲ့ သား ဒါ ဝိဒ် ကို ငါ တွေ့ ပြီ ဟု ဓိ ဋ္ဌာန် ပြု လျက် ဘု ရင် အ ဖြစ် တင် မြှောက် တော် မူ၏။ Judson Bible နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် တင်မြှောက်တော်မူ၏။ ဒါဝိဒ်နှင့်ပတ်သက်၍ သက်သေခံတော်မူလျက် ‘ငါ၏စိတ်တော်နှင့်တွေ့သူ၊ ယေရှဲ၏သား ဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါအလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ ဟု မိန့်တော်မူ၏။ |
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
ဒါဝိဒ်မင်းကြီးသည် သူအသက်ရှင်သမျှကာလပတ်လုံး ဟိတ္တိလူမျိုး ဥရိယအမှုမှလွဲ၍ မိန့်မှာတော်မူသမျှတို့ကို တစ်စုံတစ်ရာမျှမလွဲဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်ခဲ့၏။
ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။
ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။
သို့သော် ရှမွေလက ရှောလုမင်းကြီးအား “သင်နှင့်အတူ ငါပြန်မလိုက်ပါ။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ပယ်တော်မူပြီ”ဟု ဆို၏။
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။
ရှမွေလကလည်း “ထာဝရဘုရားသည် သင့်ကိုစွန့်ပစ်၍ သင့်ရန်သူဖြစ်သွားသည်ကိုပင် အဘယ်ကြောင့် ငါ့ကို မေးမြန်းသေးသနည်း။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။