၁ ရာ 15:11 - မြန်မာ့စံမီသမ္မာကျမ်း11 “ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ငါ သည် ရှော လု ကို ဘု ရင် တင် မြှောက် ခဲ့ သော ကြောင့် စိတ် တော် မ သာ မ ယာ ဖြစ် လေ ပြီ။ အ မိန့် တော် များ ကို သူ မ လိုက် မ နာ၊ ငါ့ ထံ မှ တွန့် ဆုတ် လေ ပြီ ဟု မိန့် တော် မူ လျှင် ရှ မွေ လ သည် ဒေါ သ ခု ခံ၍ ထာ ဝ ရ ဘု ရား အား တစ် ညဉ့် လုံး ပ ဌ နာ ပြု ပြီး မှ အခန်းကိုကြည့်ပါ။Judson Bible11 ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကိုမကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။