တမန်တော်ဝတ္ထု 15:8 - မြန်မာ့စံမီသမ္မာကျမ်း8 စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 လူတို့၏စိတ်နှလုံးကိုသိတော်မူသောဘုရား သခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့ အားပေးတော်မူသည့်နည်းတူလူမျိုးခြားတို့ အားလည်းပေးတော်မူခြင်းအားဖြင့် သူတို့ အားနှစ်သက်လက်ခံတော်မူကြောင်းကိုပြ တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 စိတ် နှ လုံး ကို သိ မြင် တော် မူ သော ဘု ရား သ ခင် သည် ငါ တို့ နည်း တူ သူ တို့ အား လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး သ နား တော် မူ လျက် သူ တို့ ဘက်၌ သက် သေ ခံ တော် မူ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible8 စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 လူ့စိတ်နှလုံးကို သိမြင်တော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးသနားသကဲ့သို့ ထိုသူတို့အား ပေးသနားခြင်းဖြင့် သူတို့ကို လက်ခံကြောင်းအတည်ပြုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။