တမန်တော်ဝတ္ထု 7:46 - မြန်မာ့စံမီသမ္မာကျမ်း46 ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible46 ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible46 ဒါ ဝိဒ် မင်း သည် ဘု ရား သ ခင် ရှေ့ တော် တွင် မျက် နှာ သာ ရ၍ ယာ ကုပ် လူ မျိုး၏ ဘု ရား အ ဖို့ စံ ရာ တော် တည် ဆောက် ခွင့် တောင်း လျှောက် သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible46 ထိုဒါဝိဒ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဖို့ရာအရပ်ကို တွေ့ခြင်းငှာ တောင့်တ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း46 ဒါဝိဒ်မင်းသည် ဘုရားသခင်ရှေ့တွင် မျက်နှာသာရပြီး ယာကုပ်၏ဘုရား စံမြန်းရာ နေရာတစ်ခု တည်ဆောက်ရန် ခွင့်ပန်လေ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။