ယေရမိ 33:21 - မြန်မာ့စံမီသမ္မာကျမ်း21 ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ထိုနည်းတူစွာဒါဝိဒ်မင်းမျိုးရိုးမပြတ်စေ ရန်နှင့် ငါ၏အမှုတော်ဆောင်လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန် ငါ့ အစေခံဒါဝိဒ်နှင့်ငါပြုခဲ့သည့်ပဋိညာဉ် ကိုလည်းဖောက်ဖျက်၍မရနိုင်။- အခန်းကိုကြည့်ပါ။Garrad Bible21 ကျွန် တော် ရင်း ဒါ ဝိဒ် ၏ နန်း ဆက် ရန် မင်း မျိုး ပြတ် အောင်၊ ဒါ ဝိဒ် မင်း နှင့် လည်း ကောင်း၊ အ မှု တော် ဆောင် ဖြစ် သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ နှင့် လည်း ကောင်း၊ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ပျက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ငါ၏ကျွန်ဒါဝိဒ်၌ ငါထားသောပဋိညာဉ်ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ်မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှုထမ်း လေဝိသားယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။