ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
ဇာခရိ 7:11 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် ဂရုမစိုက်။ ခေါင်းမာမာနှင့် ကျောခိုင်းကြ၏။ မကြားနိုင်အောင် နားပိတ်ထားကြ၏။ Common Language Bible ``သို့ရာတွင်ငါ၏လူမျိုးတော်သည်ဂရု မစိုက်ဘဲခေါင်းမာလျက် ငါ့စကားကိုနား မထောင်ကြ။ သူတို့သည်နားကိုပိတ်ထား ကြ၏။- Garrad Bible ထို သူ တို့ သည် နား မ စွင့် ဘဲ ကုတ် တွန့် လျက်၊ မ ထောင် ရ စေ ခြင်း ငှာ နား ပိတ် လျက်၊ Judson Bible သူတို့သည် နားမထောင်ဘဲ လွတ်အောင်ရုန်းကြ၏။ မကြားစေခြင်းငှာ နားကို ပိတ်ကြ၏။ |
ထာဝရဘုရားသည် မနာရှေမင်းကြီးနှင့်သူ၏ပြည်သူပြည်သားတို့အား မိန့်တော်မူသည်ကို သူတို့ နားမထောင်ကြ။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
“ဤအရပ်သည် နားနေရာအရပ်ဖြစ်၏။ မောပန်းသောသူတို့သည် အနားယူကြစေ။ ဤအရပ်သည် ငြိမ်းချမ်းရာအရပ်ဖြစ်၏”ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်လိုကြ။
စိတ်နှလုံးမာကျောသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ဖြောင့်မတ်ခြင်းနှင့်ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့သည် နားမထောင်ကြ၊ ဂရုမစိုက်ကြ။ ခေါင်းမာကြသောကြောင့် နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကို မခံယူကြဟု မိန့်တော်မူပြီ။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
သူနှင့် သူ၏သားစဉ်မြေးဆက်၊ သူ၏အစေအပါးတို့ပြုသောဒုစရိုက်ကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့နှင့်တကွ ဂျေရုဆလင်မြို့သား၊ ယုဒအမျိုးသားတို့အပေါ် ငါမိန့်ဆိုထားသည့်ဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေမည်ဖြစ်သော်လည်း သူတို့ဂရုမစိုက်ကြ”ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
“ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား သင်ဆင့်ဆိုသောစကားကို ငါတို့နားမထောင်။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
နွားမတမ်းခေါင်းမာသကဲ့သို့ အစ္စရေးသည်လည်း ခေါင်းမာ၏။ ထာဝရဘုရားသည် သူတို့ကို သိုးသငယ်ကဲ့သို့ စားကျက်ပြင်တွင် ထိန်းကျောင်းဦးမည်လော။
ထိုမြို့သည် အသံတော်ကို နားမထောင်၊ ဆုံးမပဲ့ပြင်ခြင်းကို မခံယူ၊ ထာဝရဘုရားကို မကိုးစား၊ ဘုရားသခင်ထံ မဆည်းကပ်သောမြို့ဖြစ်၏။
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
ထိုအခါ သူတို့သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် နားကိုပိတ်ထားကာ သတေဖန်ထံသို့ တစ်ဟုန်ထိုးပြေးလာ၍
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။