ယေရမိ 19:15 - မြန်မာ့စံမီသမ္မာကျမ်း15 “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible15 စိတ် ခဲ ယဉ်း ၍ ဗျာ ဒိတ် တော် ကို မ နာ ခံ ကြ သော ကြောင့်၊ ပြ ဋ္ဌာန်း တော် မူ ခဲ့ ရာ ဘေး အ လုံး စုံ ကို၊ ဤ မြို့ နှင့် ဇ န ပုဒ် ရှိ သ မျှ အ ပေါ် သို့ ငါ သင့် စေ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် မိန့် တော် မူ ကြောင်း၊ လူ ပ ရိ သတ် အား ဆင့် ဆို လေ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 ဣသရေ လအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှာ၊ မိမိတို့လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှသောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသောအမိန့်တော်ကို လူအပေါင်းတို့အား ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။