နေဟမိ 9:29 - မြန်မာ့စံမီသမ္မာကျမ်း29 ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible29 ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 တ ရား တော် သို့ ပြန် လှည့် စေ ခြင်း ငှာ တိုက် တွန်း နှိုး ဆော် တော် မူ ပါ၏။ သို့ ရာ တွင် ထောင် လွှား သော စိတ် နှင့်၊ ပ ညတ် တော် များ ကို မ နာ ခံ ဘဲ၊ ပြု ကျင့် သူ တိုင်း အ သက် တည် ရာ တည် ကြောင်း ဖြစ် သော ဆုံး ဖြတ် တော် မူ ချက် များ ကို လွန် ကျူး၍၊ စိတ် ခဲ ယဉ်း သ ဖြင့် တွန့် ဆုတ် လျက် မ နာ မ ယူ ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible29 တရားတော်ကို ကျင့်ပြန်စေခြင်းငှာ ဆုံးမတော်မူသော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှားကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသောလည်ပင်းနှင့် ရုန်းလျက် နားမထောင်ဘဲ နေကြ၏။ အခန်းကိုကြည့်ပါ။ |
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။