ဟေဗြဲ 12:25 - မြန်မာ့စံမီသမ္မာကျမ်း25 သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible25 ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible25 သို့ ဖြစ်၍ မိန့် မြွက် တော် မူ သော အ ရှင် ကို မ ငြင်း ပယ် မိ စေ ရန် သ တိ မူ ကြ လော့။ မြေ ကြီး ပေါ်၌ ဗျာ ဒိတ် ပေး တော် မူ သော အ ရှင် ကို ငြင်း ပယ် သူ တို့ သည် ဘေး မ လွတ် ကြ သည် မှန် လျှင် ကောင်း ကင် ဘုံ က ဗျာ ဒိတ် ပေး သော အ ရှင့် ထံ မှ လွှဲ ဖယ် ကြ သော ငါ တို့ သည် သာ၍ မ လွှတ် နိုင် ချေ။ အခန်းကိုကြည့်ပါ။Judson Bible25 သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။ အခန်းကိုကြည့်ပါ။ |
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ငါသည် ထိုကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ပျပ်ဝပ်လေသော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသော သင့်ညီအစ်ကိုတို့၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့။ အကြောင်းမူကား ယေရှုနှင့်ဆိုင်သောသက်သေခံချက်သည် ပရောဖက်ပြုဟောပြောခြင်း၏ဝိညာဉ်ဖြစ်၏”ဟု ဆို၏။