ဟေရှာယ 28:12 - မြန်မာ့စံမီသမ္မာကျမ်း12 “ဤအရပ်သည် နားနေရာအရပ်ဖြစ်၏။ မောပန်းသောသူတို့သည် အနားယူကြစေ။ ဤအရပ်သည် ငြိမ်းချမ်းရာအရပ်ဖြစ်၏”ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်လိုကြ။ အခန်းကိုကြည့်ပါ။Common Language Bible12 ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။- အခန်းကိုကြည့်ပါ။Garrad Bible12 ကိုယ် တော် က ဤ တွင် ငြိမ် ဝပ် ခွင့်၊ ဤ တွင် သက် သာ ခွင့် ရ ကြ လိမ့် မည်။ မော ပန်း သူ တို့ အား ငြိမ် ဝပ် စေ လော့ ဟု မိန့် တော် မူ ခဲ့ သော် လည်း၊ နား မ ထောင် ကြ သည် ဖြစ်၍၊ အခန်းကိုကြည့်ပါ။Judson Bible12 ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်ဟု မိန့်တော်မူသော်လည်း၊ သူတို့သည် နားမထောင်ကြ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။