ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ဇာခရိ 4:14 - မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။ Common Language Bible ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။ Garrad Bible မ သိ ပါ၊ အ ရှင် ဘု ရား ဟု ငါ လျှောက် ပြန် သော်၊ မြေ တစ် ပြင် လုံး ပိုင် ရှင့် ရှေ့ တော် တွင် ခ စား ရ သော၊ ဆီ ဘိ သိက် ခံ သူ နှစ် ဦး တို့ တည်း ဟု မိန့် ဆို ၏။ Judson Bible ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ရပ်နေသော ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟု ဆို၏။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။
သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါချစ်သောသူအတွက် သူ၏စပျစ်ခြံကိုရည်စူး၍ မေတ္တာသီချင်းကို ငါသီဆိုမည်။ မြေဆီမြေနှစ်ကောင်းသောတောင်ကုန်းပေါ်တွင် ငါချစ်သောသူ၏စပျစ်ခြံရှိ၏။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ဘိသိက်ဆီအချို့ကို အာရုန်၏ခေါင်းပေါ်၌ လောင်း၍ သူ့ကိုသန့်ရှင်းစေရန် ဘိသိက်ပေးလေ၏။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်ပြီး ဘုန်းအသရေကိုဆောင်လျက် ရာဇပလ္လင်တော်ပေါ်တွင် စံမြန်း၍ အုပ်စိုးလိမ့်မည်။ ရာဇပလ္လင်ပေါ်တွင် ယဇ်ပုရောဟိတ်အဖြစ် စံမြန်းလိမ့်မည်။ ထိုအမှုနှစ်ခုစလုံး သဟဇာတဖြစ်အောင် စီမံအုပ်ချုပ်လိမ့်မည်”ဟူ၍ မိန့်တော်မူ၏’ဟု ပြောကြားလော့။
ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
ကောင်းကင်တမန်ကလည်း “ငါသည် ဘုရားသခင်ရှေ့တော်၌ခစားရသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်ဖွယ်သတင်းကိုပြောကြားရန် ငါသည် သင့်ထံသို့စေလွှတ်ခြင်းခံရ၏။
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင်သခင်၏ပဋိညာဉ်သေတ္တာတော်သည် ဂျော်ဒန်မြစ်ကို သင်တို့ရှေ့မှကူးသွားမည်။
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင် ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်ရေ၌ ခြေချလိုက်သည်နှင့် အထက်မှစီးဆင်းလာသောရေသည် ရပ်သွား၍ တစ်ဖက်တည်း၌စုပုံလျက် တန့်နေလိမ့်မည်”ဟု ဆိုလေ၏။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။