ယောရှု 3:13 - မြန်မာ့စံမီသမ္မာကျမ်း13 မြေတစ်ပြင်လုံးကိုအစိုးရသောအရှင် ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်ရေ၌ ခြေချလိုက်သည်နှင့် အထက်မှစီးဆင်းလာသောရေသည် ရပ်သွား၍ တစ်ဖက်တည်း၌စုပုံလျက် တန့်နေလိမ့်မည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 မြေ တစ် ပြင် လုံး ပိုင် ရှင် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် သော ပ ရော ဟိတ် တို့ ခြေ သည် ယော် ဒန် မြစ် ရေ တွင် နင်း ရပ် သည် နှင့် တစ် ပြိုင် နက်၊ အ ထက် မှ စီး လာ သော ရေ ကွဲ ပြတ်၍ တစ် ဘက် သတ် စု ပုံ လိမ့် မည် ဟု မိန့် ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible13 မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်ခြေဖဝါးတို့သည်၊ ယော်ဒန်မြစ်ရေကိုနင်းသောခဏချင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက်နေလိမ့်မည်ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။