၃ ရာ 17:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ဂိ လဒ် နယ်၊ တိ ရှ ဘိ မြို့ သား ဧ လိ ယ က၊ ငါ ခ စား လျက် နေ သော ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း နှစ် ကာ လ ရှည် သ မျှ အ တွင်း ငါ မ ဆင့် မ ချင်း မိုး နှင်း ကျ ရွာ မည် မ ဟုတ် ဟု အာ ဟပ် မင်း အား ဆင့် ဆို ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible1 ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။ အခန်းကိုကြည့်ပါ။ |
အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။
ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။
ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။