Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 11:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ဤ​သက်သေခံ​နှစ်ပါးတို့​သည် ကမ္ဘာလောက​ကို အုပ်စိုးသည့်​အရှင်သခင်​၏​ရှေ့တော်​၌ ရှိသော​သံလွင်ပင်​နှစ်ပင်​နှင့် ဆီမီးတိုင်​နှစ်ခု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 11:4
14 ပူးပေါင်းရင်းမြစ်များ  

ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။


သို့သော် ငါ​သည် ဘုရားသခင်​၏​အိမ်​တော်​၌ စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့​ဖြစ်​၏​။ ငါ​သည် ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ယုံကြည်ကိုးစား​၏​။


ငါ​သည် ထို​နေ့​၌ ငါ​၏​လူမျိုး​တော်​နေထိုင်​ရာ​ဂေါရှင်​အရပ်​ကို သီးသန့်ခွဲ​ထား​မည်​။ ဤ​ပြည်​တွင် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​စေရန် ထို​အရပ်​၌ ယင်ရဲ​တို့​မ​ရှိ​စေ​ရ​။


အကြောင်းမူကား သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သင်​၏​ခင်ပွန်း​ဖြစ်​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ သင့်​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ဖြစ်​၏​။ မြေကြီး​တစ်ပြင်လုံး​၏​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏​။


ထာဝရဘုရား​က သင့်​အား စိမ်းလန်း​လှပ​၍ အသီး​ကောင်း​သော​သံလွင်ပင်​ဟု နာမည်​မှည့်ခေါ်​ခဲ့​၏​။ သို့သော် ကြီးမား​သော​မြည်ဟိန်းသံ​ဖြင့် မီး​ရှို့​ပစ်​၍ အကိုင်းအခက်​တို့​သည်​လည်း လောင်ကျွမ်း​သွား​လိမ့်မည်​။


“အို ဇိအုန်​သမီးပျို​၊ ထ​၍ တလင်းနယ်​လော့​။ ငါ​သည် သင့်​အား သံ​ဦးချို​နှင့် ကြေးဝါ​ခွာ​ကို ပေး​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို ညက်ညက်ကြေ​အောင် နင်းနယ်​လိမ့်မည်​။ သင်​သည် သူ​တို့​၏​မတရား​သော​အကျိုးစီးပွား​ကို ထာဝရဘုရား​ထံ​တော်​သို့​လည်းကောင်း​၊ သူ​တို့​၏​ဥစ္စာပစ္စည်း​တို့​ကို မြေ​တစ်ပြင်လုံး​၏​အရှင်​ထံသို့​လည်းကောင်း ဆက်ကပ်​လိမ့်မည်​။”


ဆီမီး​ကို​ထွန်း​၍ ကွယ်ရာ​၌​ထား​သော​သူ​၊ သို့မဟုတ် တောင်း​အောက်၌​ထား​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ​ထား​တတ်​ကြ​၏။


ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


သို့သော် အကိုင်းအခက်​အချို့​တို့​သည် ခုတ်ဖြတ်​ခြင်း​ခံရ​၍ သံလွင်​ပင်​အရိုင်း​ဖြစ်​သော​သင်​သည် ထို​အကိုင်းအခက်​များ​ကြား​၌ ကိုင်းဆက်ကူး​ခံရ​ပြီး သံလွင်​ပင်​အမြစ်​မှ​အဆီအနှစ်​ကို မျှဝေ​ခံစား​သူ​ဖြစ်လာ​လျှင်


ထို​အချိန်​၌ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​ရန်​၊ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် အမှု​တော်​ဆောင်ရွက်​ရန်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ကောင်းချီးပေး​ရန် ထာဝရဘုရား​သည် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​သည်​မှာ ယနေ့​ထိတိုင် ဖြစ်​၏​။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ