ဇာခရိ 6:13 - မြန်မာ့စံမီသမ္မာကျမ်း13 သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်ပြီး ဘုန်းအသရေကိုဆောင်လျက် ရာဇပလ္လင်တော်ပေါ်တွင် စံမြန်း၍ အုပ်စိုးလိမ့်မည်။ ရာဇပလ္လင်ပေါ်တွင် ယဇ်ပုရောဟိတ်အဖြစ် စံမြန်းလိမ့်မည်။ ထိုအမှုနှစ်ခုစလုံး သဟဇာတဖြစ်အောင် စီမံအုပ်ချုပ်လိမ့်မည်”ဟူ၍ မိန့်တော်မူ၏’ဟု ပြောကြားလော့။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ဗိ မာန် တော် ကို တည် ဆောက် မည့် ထို သူ သည်၊ အ သ ရေ ဆောင် လျက် ရာ ဇ ပ လ္လင် ထက် စိုး စံ စဉ်၊ ပ ရော ဟိတ် မင်း တစ် ပါး သည်၊ ပ လ္လင့် အ နီး၌ နေ ရာ တော် ရ မည့် အ လျောက်၊ နှစ် ပါး လုံး တိုင် ပင် လျက်၊ ပြည် ကျိုး ဖြစ် ထွန်း စေ ကြ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။ အခန်းကိုကြည့်ပါ။Judson Bible13 ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်းဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိတ်သဟာယ ပဋိညာဉ်ကို ဖွဲ့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။