တရားဟော 10:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible8 တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို ကာ လ၌၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် စေ ရန်လည်း ကောင်း၊ ရှေ့ တော်၌ ခ စား လျက် ဝတ် ပြု စေ ရန်လည်း ကောင်း၊ နာ မ တော် ကို အ မှီ ပြု၍ ကောင်း ကြီး မင်္ဂ လာ ပေး စေ ရန်လည်း ကောင်း၊ လေ ဝိ အ နွယ် သား တို့ ကို ယ ခု တိုင် အောင်၊ ထာ ဝ ရ ဘု ရား သန့် ခြား တော် မူ သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible8-9 ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။