Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ရှ မွေ လ သည် ဆီ ဘူး ကို ယူ၍ ဦး ခေါင်း ပေါ်၌ သွန်း လောင်း လျက် နမ်း ရှုပ် ပြီး မှ ပိုင် တော် မူ ရာ လူ မျိုး အ ပေါ် တွင် မင်း အ ဖြစ် ထာ ဝ ရ ဘု ရား ဘိ သိက် ပေး တော် မူ သည် မ ဟုတ် တုံ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဆီ​ဘူး​ကို​ယူ၍ ရှော​လု၏​ခေါင်း​ပေါ်​မှာ​လောင်း​လေ၏။ တစ်​ဖန်​သူ့​ကို​နမ်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မွေ​တော်​လူ​မျိုး၏ မင်း​အ​ရာ၌​ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 10:1
38 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​က​လည်း “​ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​အား သင် ကိုယ်ထိလက်ရောက်​သတ်ပစ်​သည်​ကို သင်​မ​ကြောက်​သလော​”​ဟု သူ့​အား ဆို​ပြီး


ထို့နောက် လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ကြ​၏​။ ရှင်ဘုရင်​သည် ဗာဇိလဲ​ကို နမ်း​၍​ကောင်းချီးပေး​ပြီးမှ ကူးသွား​၏​။ ဗာဇိလဲ​သည်​လည်း မိမိ​နေရပ်​သို့ ပြန်သွား​လေ​၏​။


အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​နေ​လို​သော​၊ သစ္စာရှိ​သော​အစ္စရေး​လူမျိုး​တစ်ဦး ဖြစ်​ပါ​၏​။ အရှင်​သည် အစ္စရေး​လူမျိုး​တို့​၏​မိခင်​မြို့​ကို အဘယ်ကြောင့်​ဖျက်ဆီး​ရန်​ကြိုးစား​နေ​သနည်း​။ အဘယ်ကြောင့် ထာဝရဘုရား​၏​အမွေ​တော်​ကို ဝါးမျို​လို​သနည်း”​ဟု ဆို​၏​။


ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


ထို​မြို့​တွင် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် ပရောဖက်​နာသန်​တို့​သည် သူ့​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ရ​မည်​။ ပြီးမှ တံပိုး​မှုတ်​လျက် ‘​ရှောလမုန်​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ရ​မည်​။


အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။


ထိုအခါ ပရောဖက်​ဧလိရှဲ​သည် ပရောဖက်​အဖွဲ့သား​ထဲမှ တစ်​ပါး​ကို ခေါ်​၍ “​သင်​၏​ခါး​ကို​စည်း​လော့​။ ဆီ​ဘူး​ကို​ယူ​ပြီးလျှင် ရာမုတ်ဂိလဒ်​မြို့​သို့ သွား​လော့​။


သူ​တို့​က​လည်း “​မလိမ်ညာ​ပါ​နှင့်​။ ငါ​တို့​ကို ပြောပြ​ပါ​”​ဟု​ဆို​သဖြင့် ယေဟု​က “​ထို​သူ​သည် အကျွန်ုပ်​အား ထာဝရဘုရား​က ‘ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ပြီ’​ဟု မိန့်​တော်မူ​ကြောင်း ဤသို့​ဤ​ပုံ​ပြောဆို​ပါ​သည်​”​ဟု ပြန်ပြော​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် ယာကုပ်​ကို မိမိ​အတွက်​လည်းကောင်း​၊ အစ္စရေး​ကို မိမိ​၏​ဘဏ္ဍာ​အဖြစ်​လည်းကောင်း ရွေးချယ်​တော်မူ​၏​။


သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


သားငယ်​ရှိ​သော​သိုးမ​များ​ကို​ထိန်းကျောင်း​ရာ​မှ မိမိ​၏​လူမျိုး​တော်​ဖြစ်​သော​ယာကုပ်​၊ မိမိ​၏​အမွေ​တော်​ဖြစ်​သော​အစ္စရေး​ကို ထိန်းကျောင်း​စေရန် သူ့​ကို​ခေါ်ဆောင်​လာ​တော်မူ​၏​။


“​သင်​သည် အကောင်းစား​အမွှေးနံ့သာ​များ​ကို သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ မုရန်​အရည် ငါး​ရာ​ရှယ်ကယ်​၊ မွှေးကြိုင်​သော​သစ်ကြံပိုး နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊ မွှေးကြိုင်​သော​ခါနဲ နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊


ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အကြောင်းမူကား ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​သည် ကိုယ်တော်​၏​အမွေ​တော်​အမျိုးအနွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။


ဤသို့ဖြင့် သင်​သည် ရွှေ​ငွေ​ကို ဆင်ယင်​ရ​၏​။ ပိတ်ချောထည်​၊ ပိုးထည်​၊ ဇာပန်းထိုးထည်​တို့​ကို ဝတ်ဆင်​ရ​၏​။ အကောင်းဆုံး​ဂျုံမှုန့်​၊ ပျားရည်​၊ သံလွင်ဆီ​တို့​ကို​စားသုံး​ရ​၏​။ သင်​သည် လှသွေးကြွယ်​ပြီး ဘုရင်မ​တစ်ဆူသဖွယ် ဖြစ်လာ​၏​။


သူ​တို့​သည် အပြစ်​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ သူ​တို့​ကိုယ်ပိုင်​ဉာဏ်​ဖြင့် သူ​တို့​အဖို့ ငွေ​ရုပ်တု​ကို လုပ်​ကြ​၏​။ ထို​ရုပ်တု​အားလုံး​သည် လက်မှုပညာသည်​တို့​၏​လက်ရာ​သက်သက်​သာ ဖြစ်​၏​။ ထို​သူ​တို့​က “​ယဇ်ပူဇော်​သော​လူ​တို့​သည် နွားသငယ်ရုပ်တု​ကို​နမ်း​ကြ​စေ​”​ဟု ဆို​ကြ​၏​။


ထို​မှ​တစ်ဖန် သူ​တို့​သည် ဘုရင်​ကို​တောင်း​ကြ​သဖြင့် ဘုရားသခင်​သည် ဗင်္ယာမိန်​အနွယ်​မှ ကိရှ​၏​သား​ရှောလု​ကို အနှစ်​လေးဆယ်​တိုင်တိုင် သူ​တို့​အား ပေး​တော်မူ​၏။


ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။


ညီအစ်ကို​အားလုံး​တို့​ကို သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။


အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။


ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။


ယခု သင်​တို့​ရှေ့​မှာ ငါ​ရှိ​၏​။ မည်သူ့​နွား​ကို ငါ​ယူ​ဖူး​သနည်း​၊ မည်သူ့​မြည်း​ကို ငါ​ယူ​ဖူး​သနည်း​။ မည်သူ့​ကို ငါ​လှည့်စား​ဖူး​သနည်း​။ မည်သူ့​ကို ငါ​ညှဉ်းဆဲ​ဖူး​သနည်း​။ မသိကျိုးကျွန်​ပြု​ရန်​အတွက် မည်သူ့​ထံမှ ငါ​လာဘ်​ယူ​ဖူး​သနည်း​။ ထာဝရဘုရား​ရှေ့​၊ ဘိသိက်ခံ​ဘုရင်​၏​ရှေ့​တွင် သင်​တို့​သက်သေ​ပြ​လော့​။ ရှိ​ခဲ့​လျှင် ငါ​ပြန်​ပေးဆပ်​မည်​”​ဟု ဆို​၏​။


ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


ထို့နောက်မှ ရှမွေလ​က ရှောလု​မင်းကြီး​အား “​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် သင့်​ကို ဘိသိက်ပေး​ရန် ငါ့​အား စေလွှတ်​တော်မူ​ခဲ့​၏​။ ယခု ထာဝရဘုရား​၏​အမိန့်စကား​ကို နားထောင်​လော့​။


ရှမွေလ​က “​သင်​သည် သင့်ကိုယ်သင် သေးသိမ်​သော​သူ​ဟု ထင်မှတ်​သော်လည်း အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး ဖြစ်လာ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် သင့်​ကို အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။


ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။


ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။


ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​မိ​သည့်​အပြစ်​မှ ထာဝရဘုရား​သည် ငါ​နှင့်​ဝေး​စေ​ပါစေသော​။ ယခု သူ့​ခေါင်းရင်း​ရှိ လှံ​နှင့် သူ့​ရေဘူး​ကို ယူ​ပြီး ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​၏​။


သို့သော် ဒါဝိဒ်​က အဘိရှဲ​အား “​သူ့​ကို မ​သတ်​နှင့်​။ ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော”​ဟု ဆို​၏​။


သို့သော် သူ​တို့​သည် ရှမွေလ​စကား​ကို နားမထောင်​ဘဲ “​ထိုသို့​မ​ဟုတ်​ပါ​။ မည်သို့ပင်​ဖြစ်စေ အကျွန်ုပ်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင် ရှိ​ရ​မည်​။


ယခု သူ​တို့​စကား​ကို နားထောင်​လော့​။ သို့သော် သူ​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​သည် သူ​တို့​အပေါ် မည်သို့​စီရင်အုပ်ချုပ်​မည်​ကို သူ​တို့​အား ကြပ်ကြပ်​သတိပေး​ပြောပြ​လော့​”​ဟု မိန့်​တော်မူ​၏​။


“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။


သူ​တို့​သည် မြို့​စွန်​သို့​ဆင်းသွား​စဉ် ရှမွေလ​က ရှောလု​အား “​သင့်​ငယ်သား​ကို ရှေ့​မှ​သွား​နှင့်​စေ​ပါ​”​ဟု ဆို​သဖြင့် ငယ်သား​လည်း သွား​နှင့်​လေ​၏​။ ထိုအခါ ရှမွေလ​က “​သင်​မူကား ဤ​နေရာ​၌ ခဏ​ရပ်​နေ​လော့​။ ဘုရားသခင်​၏​စကား​တော်​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ