ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
ဆာလံ 11:2 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဆိုးယုတ်သောသူတို့သည် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို မှောင်ကြီးမည်းကြီးထဲမှပစ်ခတ်ရန် လေးကြိုးပေါ်တွင် မြားကိုတင်၍ ချိန်ရွယ်ထားကြပြီ။ Garrad Bible လူ ဆိုး တို့ သည်၊ သ ဘော ဖြောင့် သူ တို့ ကို၊ မှောင် ခို လျက် ခွင်း ပစ် ခြင်း ငှာ၊ လေး ညှို့ တင်၍ တပ် ပြီး မြှား ဖြင့် ရွယ် ကြ ပြီ တ ကား။ |
ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။ သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
အို ထာဝရဘုရား၊ သူတော်ကောင်းနှင့် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို ကောင်းစားစေတော်မူပါ။
အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက် သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
ဆိုးယုတ်သောသူတို့သည် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လဲကျစေရန်လည်းကောင်း၊ ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူတို့ကို သတ်ဖြတ်ရန်လည်းကောင်း ဓားကိုထုတ်၍ လေးကိုတင်ကြ၏။
ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ကိုယ်တော်ကိုခိုလှုံလိမ့်မည်။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည်လည်း ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။
စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို ကယ်တင်တော်မူသောဘုရားသခင်သည် ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။
သူသည် နောင်တမရလျှင် ကိုယ်တော်သည် ဓားတော်ကိုသွေးထားလိမ့်မည်။ လေးတော်ကိုတင်၍ ချိန်ရွယ်ထားလိမ့်မည်။
အကယ်စင်စစ် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းထံသို့ ပြန်လှည့်လာ၍ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည် ၎င်း၏နောက်သို့လိုက်ကြလိမ့်မည်။
အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။
ရှောလုမင်းကြီး မကောင်းကြံစည်နေသည်ကို ဒါဝိဒ်သိလျှင် ယဇ်ပုရောဟိတ်အဗျာသာအား “ဧဖုဒ်ကို ယူခဲ့ပါ”ဟု မှာလိုက်၏။