ဆာလံ 7:12 - မြန်မာ့စံမီသမ္မာကျမ်း12 သူသည် နောင်တမရလျှင် ကိုယ်တော်သည် ဓားတော်ကိုသွေးထားလိမ့်မည်။ လေးတော်ကိုတင်၍ ချိန်ရွယ်ထားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible12 အကယ်၍လူတို့သည်နောင်တမရကြပါမူ ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible12 လူ ဆိုး သ ဘော မ ပြောင်း လျှင်၊ ဓား တော် ကို ကျင်း လျက်၊ လေး တော် ကို တင် ၍ ရွယ် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုသူသည် မပြောင်းလဲလျှင် ဓားတော်ကိုသွေးတော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။