Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 64:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဖြောင့် မတ် သူ မူ ကား၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ခို လှုံ ခွင့်၊ သ ဘော ဖြောင့် သူ ရှိ သ မျှ တို့ ပင်၊ ဂုဏ် ရောက် ခွင့် ရ ကြ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဖြောင့်​မတ်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်၍ ခို​လှုံ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော သူ​အ​ပေါင်း​တို့​သည် ဝါ​ကြွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 64:10
12 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​တို့​သည် မြင်​၍ ဝမ်းသာအားရ​ဖြစ်​ကြ​၏​။ အပြစ်ကင်း​သော​သူ​သည်​လည်း သူ​တို့​အား ပြက်ရယ်ပြု​၏​။


ငါ​သည် ထာဝရဘုရား​ကို​ခိုလှုံ​၏​။ သင်​တို့​သည် ငါ​၏​စိတ်ဝိညာဉ်​အား “​ငှက်​ကဲ့သို့ သင်​၏​တောင်​ပေါ်သို့ ထွက်ပြေး​လော့​”​ဟု မည်သို့​ဆို​နိုင်​မည်နည်း​။


သူ​၏​သားမြေးစဉ်ဆက်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်တွင်​ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​၏​မျိုးဆက်​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်​။


အကျွန်ုပ်​၏​အသက်​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခိုလှုံ​သည်​ဖြစ်၍ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။


ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌​ဝမ်းမြောက်​၍​ရွှင်လန်း​ကြ​လော့​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​၊ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ရာ​သီချင်း​အသစ်​ကို​လည်း အကျွန်ုပ်​၏​နှုတ်​၌ သွင်းပေး​တော်မူ​၏​။ များစွာ​သော​လူ​တို့​သည် မြင်​၍​ကြောက်ရွံ့​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​သည် လက်စားချေ​ခြင်း​ကို​မြင်​ရ​သဖြင့် ဝမ်းမြောက်​လိမ့်မည်​။ သူ​သည် ဆိုးယုတ်​သော​သူ​၏​သွေး​၌ မိမိ​၏​ခြေ​ကို ဆေးကြော​လိမ့်မည်​။


အလင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အပေါ်​၌​လည်းကောင်း​၊ ဝမ်းမြောက်​ခြင်း​သည် စိတ်နှလုံး​ဖြောင့်မှန်​သော သူ​တို့​အပေါ်​၌​လည်းကောင်း ဖြာကျ​လျက်​ရှိ​၏​။


ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။


သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ