ဆာလံ 11:1 - မြန်မာ့စံမီသမ္မာကျမ်း1 ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible1-3 ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။ အခန်းကိုကြည့်ပါ။Garrad Bible1 ထာ ဝ ရ ဘု ရား၌ ခို လှုံ သူ၊ ငါ၏ အ သက် ဝိ ညာဉ် အား၊ တောင် ပေါ် သို့ ငှက် ကဲ့ သို့ ပျံ သွား လော့။ အခန်းကိုကြည့်ပါ။Judson Bible1-3 မတရားသောသူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှာ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြားကိုပြင်ကြ၏။ အမှီတံကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ်နေရာတောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်