Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 32:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌​ဝမ်းမြောက်​၍​ရွှင်လန်း​ကြ​လော့​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​၊ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက် ရွှင် လန်း ကြ လော့။ သ ဘော ဖြောင့် သူ အ ပေါင်း တို့၊ အား ရ ကြွေး ကြော် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ သ​ဘော​ဖြောင့်​သော​သူ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 32:11
18 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ သူတော်ကောင်း​နှင့် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကောင်းစား​စေ​တော်မူ​ပါ​။


ထာဝရဘုရား​အပြစ်​မ​ယူ​သော​သူ​၊ မိမိ​စိတ်ဝိညာဉ်​၌​လိမ်လည်ကောက်ကျစ်မှု မ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​ထံသို့ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။ ချီးမွမ်း​ခြင်း​သည် ဖြောင့်မှန်​သော​သူ​တို့​နှင့် သင့်လျော်​ပေ​၏​။


သို့သော် ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် ဝမ်းမြောက်​ကြ​ပါစေသော​။ အစဉ်အမြဲ​ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။ ကိုယ်တော်​သည် သူ​တို့​ကို အုပ်မိုး​ကွယ်ကာ​တော်မူ​သည်​ဖြစ်၍ နာမ​တော်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကိုယ်တော်​၌ ရွှင်လန်း​ကြ​ပါစေသော​။


ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။


သို့သော် ဖြောင့်မတ်​သော​သူ​တို့​သည် ဝမ်းမြောက်​၍ ဘုရားသခင်​၏​ရှေ့​တော်​၌​ရွှင်လန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​ကြ​လိမ့်မည်​။


စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ရွှင်လန်း​ပါစေ​။ များစွာ​သော​ကမ်းရိုးတန်း​နိုင်ငံ​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။


ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌ ဝမ်းမြောက်​ကြ​လော့​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။


မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ဟစ်ကြော်​လျက်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လျက် သီဆိုချီးမွမ်း​ကြ​လော့​။


အို တောင်​ကြီး​၊ သင်​သည် မည်သူ​နည်း​။ သင်​သည် ဇေရုဗဗေလ​ရှေ့​တွင် လွင်ပြင် ဖြစ်သွား​ရ​လိမ့်မည်​။ သူ​သည် ထောင့်ချုပ်ကျောက်​ကို ထုတ်ယူ​လာ​သောအခါ “ကောင်း​ပေ​၏​။ ကောင်း​ပေ​၏”​ဟု ဩဘာပေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”ဟု ပြောပြ​၏​။


ထိုမျှမက ယခု ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​စေ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၌ ဂုဏ်ယူ​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။


သင်​တို့​မှစ၍ သင်​တို့​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​နှင့်အတူ သင်​တို့​၏​မြို့​တံခါး​အတွင်း​ရှိ အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။


ထို့နောက် ဟန္န​က “​အကျွန်ုပ်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၌ ရွှင်လန်း​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဝမ်းမြောက်​လျက် ရန်သူ​တို့​ကို အားရ​စွာ​ချေပပြောဆို​နိုင်​ပါ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ