သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
၂ သက် 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။ Common Language Bible ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။- Garrad Bible ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း အ လွန် တိုး ပွား သည့် ပြင် အ ချင်း ချင်း တို့ အား အ သီး အ သီး တို့ မေ တ္တာ ကြွယ် ဝ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ထိုက် လျော် သည့် အ တိုင်း ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။ Judson Bible ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။ |
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။
ယေရှုခရစ်တော်အားဖြင့် သင်တို့အား ဘုရားသခင်ပေးသော ကျေးဇူးတော်ကို ထောက်၍ သင်တို့အတွက် ကျွန်ုပ်၏ဘုရားသခင်ကို ကျွန်ုပ်အစဉ်ကျေးဇူးတင်၏။
ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ဆောင်မှုအတိုင်းအတာကို ကျော်လွန်၍ အခြားသူတို့လုပ်ဆောင်ခဲ့သောအရာအပေါ် မကြွားဝါတတ်။ သင်တို့၏ ယုံကြည်ခြင်းအားကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်ကို သင်တို့အကြား ပိုမိုတိုးချဲ့နိုင်ရန် မျှော်လင့်၏။
ကျွန်ုပ်တို့သခင် ယေရှုခရစ်တော်၏ အမည်နာမတော်ကို အမှီပြု၍ အရာအားလုံးအတွက် ခမည်းတော်ဘုရားသခင်အား အစဉ် ကျေးဇူးတင်ကြလော့။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
သင်တို့၏ ချစ်ခြင်းမေတ္တာသည် အသိပညာ၊ ထိုးထွင်းဉာဏ်တို့နှင့်တကွ တိုးသည်ထက် တိုးလာရန် ကျွန်ုပ် အစဉ်ဆုတောင်းပါ၏။
ကျွန်ုပ်တို့၏ မေတ္တာသည် သင်တို့အပေါ်တွင် ပွားများသကဲ့သို့ သင်တို့၏ မေတ္တာသည်လည်း သင်တို့အချင်းချင်းနှင့် လူတိုင်းအပေါ်တွင် ပို၍ ပွားများရန် သခင်ဘုရား ပြုတော်မူပါစေသော။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။
ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့် ကိုယ်တော်ထံ ကျွန်ုပ်တို့ စုဝေးခြင်းအကြောင်းတို့နှင့်ပတ်သက်၍
သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းနှင့် သမ္မာတရားကို ယုံကြည်ခြင်းတို့ဖြင့် ကယ်တင်ခံရရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစုတွင် ပါဝင်သောကြောင့် ဖြစ်၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ကျွန်ုပ်အသက်ရှင်နေသရွေ့ ဤအကြောင်းအရာများကို သင်တို့အား ဆက်လက်သတိပေးနေသင့်သည်ဟု ကျွန်ုပ်ယူဆ၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။