၂ ပေ 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ကျွန်ုပ်အသက်ရှင်နေသရွေ့ ဤအကြောင်းအရာများကို သင်တို့အား ဆက်လက်သတိပေးနေသင့်သည်ဟု ကျွန်ုပ်ယူဆ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။- အခန်းကိုကြည့်ပါ။Garrad Bible13-14 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဖော် ပြ တော် မူ သည့် အ တိုင်း ပင် မ ကြာ မီ ဤ ယာ ယီ တဲ မှ ငါ ထွက် ခွာ ရ မည် ကို သိ လျက် တည်း ခို သ မျှ အ တွင်း သ တိ ပေး နှိုး ဆော် သင့် ကြောင်း ငါ သ ဘော ရ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible13-14 ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း၊ ငါတည်းခိုရာတဲကို မကြာမမြင့်မီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ် ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။