Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 1:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​အား ရှင်းလင်း​စွာ ဖော်ပြတော်မူသည့်​အတိုင်း ကျွန်ုပ်​သည် မကြာမီ ဤ​လူ့ခန္ဓာ​ကို စွန့်ပစ်​ရမည်​ဖြစ်ကြောင်း သိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​သည်​လည်း ငါ့​အား​ဖော်ပြ​တော်မူ​သည့်​အတိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မကြာမီ​ချွတ်ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:14
11 ပူးပေါင်းရင်းမြစ်များ  

ရှိမုန်​ပေတရု​က “သခင်… အဘယ်​အရပ်​သို့ ကြွတော်မူမည်နည်း” ဟု မေးလျှောက်၏။ ယေရှု​က “ငါ​သွားရာ​အရပ်​သို့ ယခု​သင်​မလိုက်နိုင်။ နောက်မှ လိုက်ရ​လိမ့်မည်” ဟု ဖြေတော်မူ၏။


ယခု​မှာ ကျွန်ုပ်​ဟောပြောသည့် နိုင်ငံတော်​အကြောင်း​ကို ကြားခဲ့ရသော သင်တို့​ရှိသမျှ​သည် နောက်တစ်ဖန် ကျွန်ုပ်​မျက်နှာ​ကို မြင်ကြ​ရမည်​မဟုတ်ကြောင်း​ကို ကျွန်ုပ်​သိ၏။


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်​၏ အသက်​သည် ယဇ်ပလ္လင်​ပေါ်တွင် သွန်းလောင်းရာ​ပူဇော်စရာ​ကဲ့သို့ သွန်းလောင်းခံရပြီ။ ကျွန်ုပ်​သည် ဤ​လောက​မှ ထွက်ခွာရတော့မည့်​အချိန် နီးပြီ။


ကျွန်ုပ်​အသက်ရှင်နေ​သရွေ့ ဤ​အကြောင်းအရာများ​ကို သင်တို့​အား ဆက်လက်​သတိပေးနေ​သင့်သည်​ဟု ကျွန်ုပ်​ယူဆ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ