၂ သက် 1:3 - Common Language Bible3 ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း အ လွန် တိုး ပွား သည့် ပြင် အ ချင်း ချင်း တို့ အား အ သီး အ သီး တို့ မေ တ္တာ ကြွယ် ဝ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ထိုက် လျော် သည့် အ တိုင်း ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
ယခုအခါတိမောသေသည်ငါတို့ထံသို့ ပြန်လည်ရောက်ရှိလာပေပြီ။ သူသည်သင်တို့ ၏မေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းသတင်း ကောင်းကိုယူဆောင်လာခဲ့၏။ သင်တို့သည် ငါတို့အားအစဉ်သတိရလျက်နေကြ ကြောင်းကိုလည်းကောင်း၊ သင်တို့အားငါတို့ တွေ့မြင်လိုသကဲ့သို့သင်တို့သည် ငါတို့အား တွေ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေကပြောပြ၏။-
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
ညီအစ်ကိုတို့၊ သခင်ဘုရားချစ်တော်မူသော သင်တို့ကိုအကြောင်းပြု၍ ငါတို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်အမြဲချီး မွမ်းရကြမည်။ သင်တို့သည်သမ္မာတရားတော် ကိုယုံကြည်ကြသည့်အတွက်ကြောင့်လည်း ကောင်း၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်ကိုယ်တော် ၏သန့်ရှင်းမြင့်မြတ်သောလူစုတော်ဝင်များ ဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်း ဘုရားသခင်ဦးစွာပထမရွေးကောက် ကယ်တင်တော်မူသောလူစုတွင်သင်တို့ ပါဝင်ကြသည်ဖြစ်ရာကျေးဇူးတော်ကို ချီးမွမ်းရပေသည်။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။