Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 3:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျွန်ုပ်တို့​၏ မေတ္တာ​သည် သင်တို့​အပေါ်​တွင် ပွားများ​သကဲ့သို့ သင်တို့​၏ မေတ္တာ​သည်လည်း သင်တို့​အချင်းချင်း​နှင့် လူတိုင်း​အပေါ်​တွင် ပို၍ ပွားများ​ရန် သခင်ဘုရား ပြုတော်မူပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 မိ​မိ​တို့​အ​ချင်း​ချင်း​နှင့်​လူ​ခပ်​သိမ်း​တို့ အ​ပေါ် သင်​တို့​ထား​ရှိ​သော​မေတ္တာ​သည် သင် တို့​အ​ပေါ် ငါ​တို့​ထား​ရှိ​သည့်​မေတ္တာ​တ​မျှ ကြီး​မား​လာ​စေ​ရန် သင်​တို့​အား​သ​ခင် ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ​သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ တို့ သည် သင် တို့ အား မေ တ္တာ ပွား များ ကြွယ် ဝ သည့် နည်း တူ သင် တို့ လည်း အ ချင်း ချင်း တို့ အား လည်း ကောင်း၊ လူ ခပ် သိမ်း တို့ အား လည်း ကောင်း၊ ပွား များ ကြွယ် ဝ ကြ စေ ခြင်း ငှာ အ ရှင် ဘု ရား ပြု ပြင် တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​တို့​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​သော​မေတ္တာ​၌​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​ချစ်​သော​မေတ္တာ​၌​လည်းကောင်း တိုးပွား​၍ ကြွယ်ဝ​ပြည့်စုံ​မည့်အကြောင်း သခင်​ဘုရား​ပြု​တော်မူ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 3:12
21 ပူးပေါင်းရင်းမြစ်များ  

ဒုတိယ​ပညတ်တော်​သည်လည်း ထို​နည်းတူ​ဖြစ်​၍ ‘ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။


သင်တို့​အပေါ် ပြုစေလိုသည့်​အတိုင်း တစ်ပါးသူတို့​အပေါ် ပြုကြလော့။ ဤ​အရာ​သည် ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းတို့​၏ အချုပ်​ဖြစ်၏။


တမန်တော်တို့​က သခင်ဘုရား​အား “အကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။


အချင်းချင်း မေတ္တာကြွေး​မှလွဲ၍ မည်သည့် အကြွေး​မျှ မတင်စေကြနှင့်။ သူတစ်ပါး​ကို ချစ်သောသူ​သည် ပညတ်တရား​ကို အပြည့်အဝ​လိုက်နာသူ ဖြစ်၏။


မျိုးကြဲသူ​အတွက် မျိုးစေ့​နှင့် စားစရာ အစာ​ကို ပေးတော်မူသော​အရှင်​သည် သင်တို့​အတွက် မျိုးစေ့​ကို ပေး​၍ ပွားများစေ​တော်မူ​လိမ့်မည်။ သင်တို့​၏ ဖြောင့်မတ်ခြင်း​မှ ထွက်သော အသီးအပွင့်များ​ကိုလည်း တိုးပွားစေတော်မူ​လိမ့်မည်။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


ထိုသို့ ကျွန်ုပ်တို့​သည် သင်တို့​ကို အလွန် ချစ်​သောကြောင့် ဘုရားသခင်​၏​သတင်းကောင်း​ကို ဝေမျှသည်​သာမက ကျွန်ုပ်တို့​၏ ဘဝ​ကိုပင် သင်တို့​အတွက် ပေးဆပ်​ရန် ဆန္ဒ​ရှိကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင်​နှစ်သက်တော်မူ​ရန် မည်သို့ ပြုမူ​နေထိုင်ရမည်​ကို ကျွန်ုပ်တို့​သွန်သင်ခဲ့သည့်​အတိုင်း ပြုမူနေထိုင်​လျက်​ရှိ၏။ ယခု​တွင် ကျွန်ုပ်တို့​သည် သခင်​ယေရှု​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် ထိုသို့ ပို၍​ပြုမူနေထိုင်ကြ​ရန် တောင်းပန်​လျက် တိုက်တွန်း​နှိုးဆော်လို၏။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


ကောင်းမြတ်သော​ဆုကျေးဇူး​နှင့် ပြီးပြည့်စုံသော​လက်ဆောင်များ အားလုံး​သည် ကောင်းကင်​အလင်များ​ကို ဖန်ဆင်းသော အဖ​ဘုရားသခင်​ထံမှ ရောက်လာသည်​ဖြစ်၍ အထက်​အရပ်​မှ ဖြစ်ကြ၏။ ကိုယ်တော်​သည် ရွေ့လျားတတ်သော​အရိပ်များ​ကဲ့သို့ ပြောင်းလဲတော်မမူ။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ