၂ ယော 1:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။ Common Language Bible သို့ဖြစ်၍သင်တို့သည်သတိနှင့်နေကြလော့။ သို့မှသာလျှင်ငါတို့၏ကြိုးပမ်းဆောင်ရွက် ချက်များသည်အချည်းနှီးမဖြစ်ဘဲ သင်တို့ သည်အကျိုးကိုအပြည့်အဝခံစားရကြ လိမ့်မည်။ Garrad Bible ငါ တို့ ဆောင် ရွက် ခြင်း အ ကျိုး အ ဆက် မ ပျက် မ စီး ဘဲ စုံ လင် စွာ ခံ စား ရ အံ့ သော ငှာ ကိုယ် ကို သ တိ မူ ကြ လော့။ Judson Bible ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။ |
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
နောက်ဆုံးတွင် အချိန်မတန်ဘဲ မွေးလာသောသူကဲ့သို့ဖြစ်သည့် ကျွန်ုပ်အားလည်း ကိုယ်ထင်ပြတော်မူ၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
သင်တို့သည် ဤမျှလောက်များသော ဒုက္ခဆင်းရဲတို့ကို အချည်းနှီးခံစားခဲ့ရပြီလော။ ထိုအရာတို့သည် အချည်းနှီးဖြစ်ရမည်လော။
သင်တို့အတွက် ကျွန်ုပ်ကြိုးစားလုပ်ဆောင်ခဲ့သော အရာများ အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိုးရိမ်၏။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် မိမိတို့ ရောက်ရှိနေသည့်အခြေအနေနှင့်အညီ သင့်လျော်စွာ နေထိုင်ကြပါစို့။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
ထို့ကြောင့် သခင်ဘုရားအပေါ် သင်တို့၏ စိတ်ချယုံကြည်မှုကို မစွန့်ပစ်ကြနှင့်။ ၎င်းသည် သင်တို့အား ကြီးမားသောဆုလာဘ်ကို ခံစားစေလိမ့်မည်။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။