Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 မည်​သို့​ပင်​ဖြစ်​စေ၊ ငါ​တို့​သည်​မိမိ​တို့​ယ​နေ့​တိုင် အောင်​လိုက်​လျှောက်​ခဲ့​သည့်​ထုံး​စံ​အ​တိုင်း​ပြု​ကျင့် ကြ​ကုန်​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သို့ ရာ တွင် ငါ တို့ သည် သိ မှီ ပြီး အ တိုင်း လျှောက် လိုက် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သို့​မ​ဟုတ်​သော်​လည်း၊ ယ​ခု​မီ​သ​မျှ​အ​တိုင်း တစ်​နည်း​တည်း​ကျင့်၍ တစ်​သ​ဘော​တည်း ရှိ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 မည်သို့ပင်ဖြစ်စေ ငါ​တို့​သည် မိမိ​တို့​ရောက်ရှိ​သည့်​အနေအထား​နှင့်အညီ လိုက်လျှောက်​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 3:16
14 ပူးပေါင်းရင်းမြစ်များ  

တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​ကို ပေးသနားတော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ အလိုတော်​နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း​ရှိသော စိတ်သဘောထား​ကို သင်တို့​အား ပေးသနားတော်မူပါစေ။


ယခင်​က သင်တို့​သည် သမ္မာတရား​လမ်း​အတိုင်း ကောင်းမွန်​စွာ ပြေးခဲ့ကြ၏။ ယခု​တွင်မူ သမ္မာတရား​ကို မလိုက်နာ​စေရန် သင်တို့​ကို မည်သူ​တားဆီးသနည်း။


ဤ​အခြေခံ​သဘောတရား​ကို လက်ခံ​ကျင့်သုံးသော​သူတို့​အပေါ်​သို့ ဘုရားသခင်​ထံတော်​မှ​လာသော ငြိမ်းချမ်းခြင်း​နှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထို​သူတို့​မှာ ဘုရားသခင်​၏ လူမျိုးတော်​အစ္စရေးလူမျိုးများ ဖြစ်ကြ၏။


မည်သို့ပင်​ဖြစ်စေ ခရစ်တော်​၏ သတင်းကောင်း​နှင့် ထိုက်တန်​စွာ ပြုမူ​နေထိုင်ကြလော့။ ထိုသို့​ပြုမူ​နေထိုင်​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​လာသည်​ဖြစ်စေ၊ မလာသည်​ဖြစ်စေ သင်တို့​သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်း​နှင့် သတင်းကောင်း​နှင့်ဆိုင်သော​ယုံကြည်ချက်​အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်​သိရ​လိမ့်မည်။


သင်တို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထား​တူညီခြင်း၊ ရည်ရွယ်ချက်​တစ်ခုတည်း ရှိခြင်းတို့​ဖြင့် ကျွန်ုပ်​ကို အကြွင်းမဲ့​ဝမ်းမြောက်စေကြလော့။


ဧဝေါဒိ​နှင့် သုန္တုတ်​တို့… သင်တို့​သည် သခင်ဘုရား​၏ တပည့်တော်မများ ဖြစ်​သောကြောင့် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​ရန် ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။


ထို့ကြောင့် သင်တို့​သည် ယေရှု​ခရစ်တော်​ကို သခင်​အဖြစ် လက်ခံကြသည့်​အားလျော်စွာ ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်သော​သူများ​အနေဖြင့် ဆက်လက် ပြုမူ​နေထိုင်ကြလော့။


ဘုရားသခင်​ကို ကျေးဇူးတင်​လျက် နိုးကြား​စွာ မပျက်မကွက် ဆုတောင်းကြလော့။


ထို့ကြောင့် သင်​သည် ကြားနာ​၍ ခံယူပြီးသော​အရာ​ကို သတိရ​လျက် လိုက်နာလော့။ နောင်တရလော့။ သင်​မနိုးထ​လျှင် သူခိုး​ကဲ့သို့ ငါ​လာမည်။ မည်သည့်​အချိန်​၌ လာမည်​ကို သင်​သိရမည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ