ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
၂ ပေ 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းသောပရောဖက်များ ယခင်က ဟောပြောခဲ့သောစကားများနှင့် သင်တို့၏ တမန်တော်များအားဖြင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောအရှင်၏ ပညတ်တော်တို့ကို သင်တို့အား သတိရစေလို၏။ Garrad Bible အ ထက် က သန့် ရှင်း သော ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို လည်း ကောင်း၊ သင် တို့ ဆ ရာ တ မန် တော် များ ဖြင့် ကယ် တင် သော အ ရှင် ဘု ရား ပေး ထား သည့် အ မိန့် ပ ညတ် တော် ကို လည်း ကောင်း သ တိ ရ ကြ လော့။ Judson Bible သန့်ရှင်းသော ပရောဖက်တို့သည်၊ အထက်က ဟောပြောသော စကားများကိုလည်းကောင်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သော ငါတို့၏ပညတ်ကိုလည်းကောင်း၊ သင်တို့သည် အောက်မေ့စေခြင်းငှာ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ်တို့ကို ငါသတိပေး၍ နှိုးဆော်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သန့်ရှင်းသောပရောဖက်များ ကြိုတင်ပြောထားသောစကားတို့ကိုလည်းကောင်း၊ သင်တို့၏တမန်တော်များမှတစ်ဆင့်ရရှိထားသည့် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောအရှင်၏ပညတ်တော်ကိုလည်းကောင်း သင်တို့ပြန်လည်သတိရစေရန်ဖြစ်၏။ |
ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ကြလော့။ ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏ တရားတော်ကို လိုက်နာလိမ့်မည်။
သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။
ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို ဝိညာဉ်တော်မှတစ်ဆင့် မိမိ၏ သန့်ရှင်းသောတမန်တော်များနှင့် ပရောဖက်များကို ယခုအခါ၌ ရှင်းလင်းစွာ ဖွင့်ပြတော်မူသကဲ့သို့ ယခင်ခေတ်ကာလ၌ ဖော်ပြတော်မမူခဲ့ပေ။
သင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူသည့်တိုင်အောင် အစွန်းအထင်းကင်း၍ အပြစ်ဆိုဖွယ်မရှိစေရန် ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာလော့။
ဖြောင့်မတ်ခြင်းတရား လမ်းကို သိပြီးနောက် မိမိတို့အား ပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို စွန့်ပစ်သည်ထက် ထိုတရားလမ်းကို မသိခဲ့ခြင်းက သူတို့အတွက် ပို၍ကောင်း၏။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။
ပေါလုသည် ဤအကြောင်းအရာများနှင့်ပတ်သက်၍ သူ၏စာအားလုံးတွင်လည်း ဤအတိုင်းပင် ရေးသားထား၏။ သူ၏ စာများထဲတွင် နားလည်ရန် ခက်ခဲသော အကြောင်းအရာတချို့ ပါဝင်၏။ မသိနားမလည်သူများနှင့် တည်ငြိမ်ရင့်ကျက်မှုမရှိသောသူများသည် အခြားကျမ်းများကို ပြုသကဲ့သို့ ထိုစာ၏ အနက်ကိုလည်း မှောက်လှန်၍ မိမိကိုယ်ကိုယ် ပျက်စီးစေတတ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ဘုရားသခင်ကို သိသောသူတိုင်းသည် ကျွန်ုပ်တို့စကားကို နားထောင်တတ်၏။ ဘုရားသခင်၏သားသမီး မဟုတ်သောသူသည် ကျွန်ုပ်တို့စကားကို နားမထောင်တတ်။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရား၏ဝိညာဉ်တော်နှင့် မိစ္ဆာဝိညာဉ်ကို ခွဲခြား၍ သိရခြင်းဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။