၂ ပေ 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ပေါလုသည် ဤအကြောင်းအရာများနှင့်ပတ်သက်၍ သူ၏စာအားလုံးတွင်လည်း ဤအတိုင်းပင် ရေးသားထား၏။ သူ၏ စာများထဲတွင် နားလည်ရန် ခက်ခဲသော အကြောင်းအရာတချို့ ပါဝင်၏။ မသိနားမလည်သူများနှင့် တည်ငြိမ်ရင့်ကျက်မှုမရှိသောသူများသည် အခြားကျမ်းများကို ပြုသကဲ့သို့ ထိုစာ၏ အနက်ကိုလည်း မှောက်လှန်၍ မိမိကိုယ်ကိုယ် ပျက်စီးစေတတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ပေါလုသည်ဤအကြောင်းအရာနှင့်ပတ်သက် ၍မိမိရေးသမျှသောစာတို့တွင်ဤအတိုင်း ပင်ဖော်ပြထား၏။ သူ၏စာများတွင်ပါရှိသည့် အကြောင်းအရာအချို့တို့မှာနားလည်ရန် ခက်သဖြင့် အသိပညာမဲ့၍စိတ်မတည် မငြိမ်သူတို့သည် အနက်အဋ္ဌိပ္ပါယ်အလွဲလွဲ အမှားမှားကောက်ယူတတ်ကြ၏။ သူတို့သည် အခြားကျမ်းပုဒ်များ၏အနက်အဋ္ဌိပ္ပါယ်ကို လည်းဤနည်းတူကောက်ယူသဖြင့်မိမိတို့ ကိုယ်တိုင်ပျက်စီးခြင်းငှာပြုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ၎င်း သြ ဝါ ဒ ကျမ်း များ ပါ ရှိ သော နား လည် ရန် ခဲ ယဉ်း သည့် အ ချက် များ ကို မ သိ သော သူ၊ မ တည် ကြည် သော သူ တို့ သည် ကိုယ် တိုင် ပျက် စီး ခြင်း ငှာ အ ခြား ကျမ်း ချက် များ ကို မှောက် လှန် သ ကဲ့ သို့ မှောက် လှန် တတ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုစာတို့၌ ခက်ခဲသော အရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သူသည် အခြားစာအားလုံးထဲတွင်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ ပြောထား၏။ ထိုစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာအချို့ရှိ၏။ အသိပညာမဲ့၍ မတည်ကြည်သောသူတို့သည် အခြားသောကျမ်းများအပေါ်၌လည်းပြုသကဲ့သို့ ထိုစာ၏အနက်ကို လိုရာဆွဲ၍ မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ရောက်စေကြ၏။ အခန်းကိုကြည့်ပါ။ |
ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။