လုကာ 24:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း44 ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible44 ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible44 ထို နောက် ကိုယ် တော် က သင် တို့ နှင့် အ တူ ရှိ နေ သေး စဉ် ငါ မိန့် ဆို ခဲ့ သည် မှာ မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း၊ ဆာ လံ ကျမ်း များ တွင် ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် သည် ပြည့် စုံ ရ မည် ဟူ၍ တည်း ဟု မိန့် ဆို လျက်၊ အခန်းကိုကြည့်ပါ။Judson Bible44 တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ44 တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။