မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
၂ ပေ 2:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။ Common Language Bible သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။- Garrad Bible ချင် ရဲ မ ပြေ နိုင် သော ကိ လေ သာ မျက် စိ ရှိ လျက်၊ မ တည် ကြည် သူ တို့ ကို ဖြား ယောင်း လျက်၊ လော ဘ၌ ကျင် လည် သော စိတ် ရှိ လျက် အ မင်္ဂ လာ ခံ ထိုက် သူ များ ဖြစ် ကြ သည် တ ကား။ Judson Bible သူတို့သည် သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသောမျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။ |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် မုဆိုးမတို့၏ အိမ်များကို သိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များ ပေါ်လာလိမ့်မည်။ ထိုသူတို့သည် ဖြစ်နိုင်ပါက ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြုကြလိမ့်မည်။
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
ထိုသို့သောသူသည် စိတ်နှစ်ခွရှိပြီး လုပ်ဆောင်သမျှတွင် တည်ကြည်မှုမရှိသောသူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ပေါလုသည် ဤအကြောင်းအရာများနှင့်ပတ်သက်၍ သူ၏စာအားလုံးတွင်လည်း ဤအတိုင်းပင် ရေးသားထား၏။ သူ၏ စာများထဲတွင် နားလည်ရန် ခက်ခဲသော အကြောင်းအရာတချို့ ပါဝင်၏။ မသိနားမလည်သူများနှင့် တည်ငြိမ်ရင့်ကျက်မှုမရှိသောသူများသည် အခြားကျမ်းများကို ပြုသကဲ့သို့ ထိုစာ၏ အနက်ကိုလည်း မှောက်လှန်၍ မိမိကိုယ်ကိုယ် ပျက်စီးစေတတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် လောက၌ ရှိသမျှသော အသွေးအသား၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်ကြွားဝါခြင်းတို့သည် ခမည်းတော်ထံမှ မဟုတ်ဘဲ ဤလောကမှ လာသောကြောင့်ဖြစ်၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။