Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သူတို့​ပြုခဲ့သော မတရားမှု​အတွက် မတရားမှု​ဖြင့် ပြန်လည်​ပြုမူခံရ​လိမ့်မည်။ သူတို့​သည် နေ့​အချိန်​၌ လွန်ကြူး​စွာ ပျော်ပါး​သောက်စားခြင်း​ကို ပျော်ရွှင်မှု​ဟု ထင်မှတ်ကြ၏။ သင်တို့​နှင့်အတူ ချစ်ခြင်းမေတ္တာ​ပွဲ​တွင် စားသောက်ကြ​သော်လည်း လှည့်စားမှု​၌ ပျော်မွေ့ကြ​၍ သူတို့​သည် အစွန်းအထင်း အပြစ်အနာအဆာ​သဖွယ် ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 နေ့​အ​ချိန်၌​ပင် လွန်​ကျူး​စွာ ကာ​မ​ဂုဏ် ခံ​စား​ခြင်း​အ​မှု​သည် ပျော်​မွေ့​ရာ​ဖြစ်​သည်​ဟု သူ​တို့​သ​ဘော​ရှိ၏။ သင်​တို့​နှင့်​အ​တူ စား​သောက် ပွဲ​လုပ်​သော​အ​ခါ မိ​မိ​တို့​မှား​ယွင်း​သော​သ​ဘော​နှင့် လွန်​ကျူး​စွာ ကာ​မ​ဂုဏ်​ခံ​စား၍၊ သင်​တို့၌ အ​ညစ်​အ​ကြေး အ​စွန်း​အ​ကွက် ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 မတရားမှု​၏​အဖိုးအခ​အဖြစ် မတရား​သဖြင့်​ပြုမူ​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်​။ သူ​တို့​သည် နေ့​အချိန်​၌ သောက်စား​ပျော်ပါး​ခြင်း​ကို ပျော်ရွှင်​မှု​ဟု​မှတ်ယူ​လျက် သင်​တို့​နှင့်အတူ​စား​သောက်​စဉ် မိမိ​တို့​၏​လှည့်ဖြား​မှု​ထဲ၌ မွေ့လျော်​ကြ​၍ အစွန်းအထင်း​နှင့်​အပြစ်​အနာအဆာ​များ​ကဲ့သို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:13
15 ပူးပေါင်းရင်းမြစ်များ  

နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


အစွန်းအထင်း၊ အတွန့်အကြေတို့​နှင့် အခြား​ထိုသို့သော​အနာအဆာ တစ်စုံတစ်ခု​မျှ မရှိဘဲ သန့်ရှင်း​လျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်​အဖြစ် မိမိ​ထံ ဆက်သ​ရန် ဖြစ်၏။


ထိုသူတို့​၏ နိဂုံး​သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့​၏ ဘုရား​သည် သူတို့​၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့​ပြုသော ရှက်ဖွယ်​အရာ​ကို ဂုဏ်ယူ​ဝင့်ကြွားကြ၏။ သူတို့​သည် လောကီရေးရာ​ကိုသာ စွဲလမ်းကြ၏။


ပန်းတဉ်း​ဆရာ အလက်ဇန်းဒါး​သည် ကျွန်ုပ်​ကို အလွန်​ဆိုးရွား​စွာ ပြုခဲ့၏။ သူ​ပြုခဲ့သည့် အပြုအမူများ​အတွက် သခင်ဘုရား​စီရင်တော်မူ​လိမ့်မည်။


သင်တို့​သည် ဤ​လောက​တွင် စည်းစိမ်ခံစား​လျက် ဇိမ်ကျကျ နေကြပြီ။ အသတ်​ခံကြရမည့်​နေ့​အတွက် မိမိ​ကိုယ်ကိုယ် ဆူဖြိုး​အောင် ကျွေးမွေးခဲ့ကြပြီ။


ယခု​တွင် သင်တို့​သည် ထို​သူတို့​နှင့်အတူ အထိန်းအကွပ်မဲ့​အပျော်ကြူးခြင်းတို့​၌ မပါဝင်တော့​သောကြောင့် သူတို့​သည် အံ့သြ​လျက် သင်တို့​ကို စော်ကား​ပြောဆိုကြ၏။


သူတို့​သည် လမ်းဖြောင့်​မှ သွေဖယ်​၍ မတရားမှု​မှ ရရှိသော​အခကြေးငွေ​ကို နှစ်သက်သည့် ဗော်သော်​၏​သား ဗာလမ်​၏ လမ်းစဉ်​ကို လိုက်ကြ၏။


သူတစ်ပါး​ကို သူ​ပြုခဲ့သည့်​အတိုင်း သူ့​အား ပြန်​၍ ပြုကြလော့။ သူ​ပြုမူခဲ့သည့်​အရာ​အတွက် နှစ်ဆ​တိုး​၍ တုံ့ပြန်ကြလော့။ သူ​ရောစပ်ပေးသည့် ခွက်​၌ သူ့​အတွက် နှစ်ဆ​တိုး၍ ရောစပ်ပေးကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ