Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် မုဆိုးမတို့​၏ အိမ်များ​ကို သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ​သောကြောင့်​ဖြစ်၏။ သို့ဖြစ်၍ သင်တို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍၊ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ ထို​ကြောင့် သာ၍​ကြီး​စွာ​သော ဒဏ်​ကို​ခံ​ရ​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 [သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်။]

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍၊ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ ထို​ကြောင့် သာ၍​ကြီး​စွာ​သော ဒဏ်​ကို​ခံ​ရ​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:14
14 ပူးပေါင်းရင်းမြစ်များ  

တရားစီရင်သော​နေ့​တွင် သင်​သည် သောဒုံမြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်​ဟု ငါ​ဆိုသည်” ဟု မိန့်တော်မူ၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


မြွေဆိုး​နှင့် မြွေပွေး​အမျိုးတို့… သင်တို့​သည် ငရဲ​သို့​သွားရမည့် အပြစ်ဒဏ်​မှ မည်သို့​လွတ်နိုင်ကြမည်နည်း။


မုဆိုးမတို့​၏ အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် မိမိ​သခင်​၏​အလို​ကို မသိဘဲ ရိုက်နှက်ခြင်း​ဒဏ်​နှင့်​ခံထိုက်သော​အမှု​ကို ကျူးလွန်မိသော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်ခြင်း​ခံရ​လိမ့်မည်။ များစွာ​ရရှိထားသော​သူ​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံခံရသော သူ​ထံမှ ပို​၍ တောင်း​လိမ့်မည်။


မုဆိုးမတို့​၏​အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် သူတို့​ထဲမှ တချို့​သည် အိမ်များ​သို့ လှည့်စား​ဝင်ရောက်​၍ အညှာလွယ်သော​အမျိုးသမီးတို့​ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထို​အမျိုးသမီးတို့​သည် အပြစ်​ဝန်ပိနေပြီး တပ်မက်မှု​အမျိုးမျိုး​၏ ဆွဲဆောင်ရာ​နောက်သို့ လိုက်သူများ​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သော​စကားများ​ပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြ​သောကြောင့်​ဖြစ်၏။ အထူး​သဖြင့် အရေပြားလှီးခြင်း​မင်္ဂလာ​ခံယူခြင်း​ကို တိုက်တွန်းသူများ​ထဲတွင် ရှိကြ၏။


ညီအစ်ကို​မောင်နှမတို့… ဆရာ​ဖြစ်ကြသော​ကျွန်ုပ်တို့​သည် အခြားသူတို့​ထက် ပို​၍ တင်းကျပ်​စွာ စီရင်​ခံရမည်​ကို သင်တို့​သိမှတ်​လျက် ဆရာ​ဖြစ်လိုသူ မများစေကြနှင့်။


သူတို့​၌ ဖောက်ပြန်​လိုစိတ်​နှင့် ပြည့်နှက်နေသော​မျက်စိ​ရှိ​၍ အပြစ်​မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း​၌ တည်ငြိမ်​ရင့်ကျက်မှု​မရှိသေးသော​သူတို့​ကို ဆွဲဆောင်​တတ်ကြ၏။ သူတို့​သည် လောဘ​လွန်ကြူး​ရာတွင် ကျင်လည်​၍ ဘုရားသခင်​၏​ကျိန်စာသင့်သူများ ဖြစ်ကြ၏။


ထို​သူတို့​သည် မိမိတို့​၏ လောဘစိတ်​နှင့် လုပ်ကြံ​ဇာတ်လမ်းများ​ဖြင့် သင်တို့​အပေါ် အမြတ်ထုတ်ကြ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သူတို့ ခံရမည့်​ပြစ်ဒဏ်​ကို ယခင်​ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့​၏ ပျက်စီးခြင်း​ကိုလည်း နှောင့်နှေး​စေတော်မူမည် မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ