သူတို့သည် ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်ရှိ အန္တိအုတ်မြို့သို့ ရောက်ကြ၏။ ဥပုသ်နေ့တွင် ဂျူးဝတ်ပြုဆောင်သို့ဝင်၍ ထိုင်ကြ၏။
၂ တိ 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။ Common Language Bible ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။- Garrad Bible အ န္တိ အုတ်၊ ဣ ကော နိ၊ လု တ္တ ရ မြို့ များ တွင် သင့် ရောက် ရာ နှိပ် စက် ညှဉ်း ပန်း ခြင်း များ၌ ငါ့ ပုံ စံ လိုက် ခဲ့ လေ ပြီ။ ထို သို့ ခံ ခဲ့ ရာ ညှဉ်း ပန်း ခြင်း အ မျိုး မျိုး မှ အ ရှင် ဘု ရား လွတ် မြောက် စေ တော် မူ ခဲ့ ပြီ။ မြန်မာ့စံမီသမ္မာကျမ်း အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။ |
သူတို့သည် ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်ရှိ အန္တိအုတ်မြို့သို့ ရောက်ကြ၏။ ဥပုသ်နေ့တွင် ဂျူးဝတ်ပြုဆောင်သို့ဝင်၍ ထိုင်ကြ၏။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
လုတ္တရမြို့တွင် မွေးရာပါ ခြေမသန်သဖြင့် တစ်ခါမျှ လမ်းမလျှောက်နိုင်သောသူတစ်ဦးရှိ၏။
ဂျူးတို့၏မကောင်းသောအကြံစည်များအားဖြင့် ကျွန်ုပ်ထံရောက်လာသော နှောင့်ယှက်မှုများကို သည်းခံလျက်နှင့်ပင် နှိမ့်ချ၍ မျက်ရည်များကျကာ သခင်ဘုရားအား အစေခံခဲ့၏။
ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။
ငါသည် ဂျူးတို့၏လက်မှလည်းကောင်း၊ လူမျိုးခြားတို့၏လက်မှလည်းကောင်း၊ သင့်ကိုကယ်တင်မည်။ သင့်ကိုလူမျိုးခြားများထံသို့ ငါစေလွှတ်မည်။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏ ကူညီမစတော်မူခြင်းကို ခံရသောကြောင့် ယနေ့တိုင်အောင်ရပ်တည်လျက် လူတန်းစားအနိမ့်အမြင့်မရွေးဘဲ လူအပေါင်းတို့အား ဟောပြောပါ၏။ ထိုသို့ဟောပြောရာတွင်လည်း ပရောဖက်များနှင့် မောရှေတို့ဟောပြောခဲ့သည့် နောင်အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုသာ ဟောပြောပါ၏။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
ခရစ်တော်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခသည် များပြားလှသည်နည်းတူ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှုသည်လည်း များပြားလှ၏။
သင်တို့ ဆက်လက်၍ သည်းခံနိုင်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့နှင့်အတူ မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ကို ကျွန်ုပ်တို့ သိသောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
တိုက်ပွဲကောင်းကို ကျွန်ုပ်တိုက်ခဲ့ပြီ။ တာအဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ထိန်းခဲ့ပြီ။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။