Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ န္တိ အုတ်၊ ဣ ကော နိ၊ လု တ္တ ရ မြို့ များ တွင် သင့် ရောက် ရာ နှိပ် စက် ညှဉ်း ပန်း ခြင်း များ၌ ငါ့ ပုံ စံ လိုက် ခဲ့ လေ ပြီ။ ထို သို့ ခံ ခဲ့ ရာ ညှဉ်း ပန်း ခြင်း အ မျိုး မျိုး မှ အ ရှင် ဘု ရား လွတ် မြောက် စေ တော် မူ ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:11
43 ပူးပေါင်းရင်းမြစ်များ  

ဘေးအန္တရာယ်​အပေါင်း​မှ ငါ့​ကို​ရွေးနုတ်​တော်မူ​သော ကောင်းကင်တမန်​သည် ဤ​သူငယ်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ သူ​တို့​ကို ငါ​၏​အမည်​ဖြင့်​လည်းကောင်း​၊ ငါ့​ဘိုးဘ​အာဗြဟံ​နှင့်​ဣဇက်​တို့​၏​အမည်​ဖြင့်​လည်းကောင်း မှည့်ခေါ်​ပါစေသော​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အလွန်​ပွားများ​ကြ​ပါစေသော​”​ဟု ဆို​လေ​၏​။


ရှောလု​မင်းကြီး​၏​လက်​မှ​လည်းကောင်း​၊ ရန်သူ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​သော​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ထံ ဤသို့ သီချင်း​စပ်ဆို​ခဲ့​၏​။


ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။


ထာဝရဘုရား​သည် သူ​တို့​ကို​ကူညီမစ​၍ ကယ်တင်​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၌​ခိုလှုံ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ လွတ်မြောက်​စေ​တော်မူ​၏​။ ကယ်တင်​တော်မူ​၏​။


“​သူ​သည် ငါ့​ကို​ချစ်​သောကြောင့် ငါ​သည် သူ့​ကို​ကယ်တင်​မည်​။ ငါ​၏​နာမ​ကို​သိ​သောကြောင့် သူ့​ကို လုံခြုံ​စွာ​စောင့်ရှောက်​မည်​။


မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။


“​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။


သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။


သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ ငါ​ရှိ​မည်​ဖြစ်၍ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဒံယေလ​ကို ခြင်္သေ့​ရန်​မှ​ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် မစ​ကယ်တင်​တော်မူ​သော​ဘုရား​၊ အံ့ဖွယ်​နိမိတ်လက္ခဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​”​ဟူ၍ ပါရှိ​၏​။


သူ​တို့​မူကား ပေရဂေ​မြို့​ကို​ဖြတ်သွား​၍ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​သို့​ရောက်​ကြ​ပြီးလျှင် ဥပုသ်​နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့​ဝင်​၍ ထိုင်​ကြ​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။


လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။


ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။


သဘောထား​ကွဲလွဲမှု​ပြင်းထန်​လာ​၍ သူ​တို့​သည် ပေါလု​အား အပိုင်းပိုင်း​ဆွဲဖြတ်​ကြ​မည်​ကို တပ်မှူးကြီး​သည် စိုးရိမ်​သဖြင့် စစ်သား​များ​အား ဆင်း​သွား​၍ ပေါလု​ကို သူ​တို့​ထံမှ အတင်း​ခေါ်ဆောင်​လာ​ပြီး စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​လေ​၏။


ငါ​သည် ဂျူး​လူမျိုး​၏​လက်​မှ​လည်းကောင်း၊ လူမျိုးခြား​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​မည်။ ထို​သူ​တို့​ထံသို့​သင့်​ကို ငါ​စေလွှတ်​၏။


သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။


သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်”​ဟု မိန့်​တော်မူ​၏။


ငါ​သည် ယုဒ​ပြည်​ရှိ မ​ယုံကြည်​သူ​တို့​၏​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​ပြီး ဂျေရုဆလင်​မြို့​အတွက် ငါ​ဆောင်ရွက်​သော​အမှု​သည် သန့်ရှင်း​သူ​များ​ရှေ့​တွင် နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​သဖြင့်


အကြောင်းမူကား ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​များပြား​လှ​သကဲ့သို့ ခရစ်တော်​အားဖြင့် ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​ခြင်း​သည်​လည်း များပြား​လှ​ပေ​၏။


သင်​တို့​အတွက် ငါ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ခိုင်မြဲ​လျက်​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဒုက္ခ​ဝေဒနာ​ကို မျှဝေ​ခံစား​ရ​သကဲ့သို့ နှစ်သိမ့်​ခြင်း​ကို​လည်း မျှဝေ​ခံစား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။


သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။


ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။


သို့ဖြစ်၍ ထာဝရ​ဘုရား​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​တို့​ကို စုံစမ်း​နှောင့်ယှက်​ခြင်း​ထဲမှ ကယ်နုတ်​ရ​မည်​ကို​လည်းကောင်း၊ မ​ဖြောင့်မတ်​သော​သူ​တို့​ကို တရား​စီရင်​ရာ​နေ့ရက်​၌ အပြစ်ဒဏ်​ခံ​စေရန်​ထိန်းသိမ်း​ထား​ရ​မည်​ကို​လည်းကောင်း သိ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ