လူတို့သည် အခြားသော ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ သေဒဏ်ပေးရန် ခေါ်ဆောင်သွားကြ၏။
၂ တိ 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။ Common Language Bible ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။- Garrad Bible ထို ဟော ချက် အ တွက် ငါ သည် လူ ဆိုး ကဲ့ သို့ အ ချုပ် အ နှောင် တိုင် အောင် ဒု က္ခ ခံ ရ၏။ ဘု ရား သ ခင့် တ ရား တော် မူ ကား အ ချုပ် အောက် ၌ ရှိ နေ သည် မ ဟုတ်။ Judson Bible ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။ |
လူတို့သည် အခြားသော ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ သေဒဏ်ပေးရန် ခေါ်ဆောင်သွားကြ၏။
ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ဟောပြောသောသူတို့ကမူ ကျွန်ုပ် အကျဉ်းချခံရစဉ် ကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခတိုးပွားစေရန် ရည်ရွယ်လျက် ရိုးသားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်ပေါလုကိုယ်တိုင် ဤနှုတ်ဆက်စကားကို ကျွန်ုပ်လက်နှင့် ရေးလိုက်ပါ၏။ ကျွန်ုပ် အကျဉ်းချခံရခြင်းကို သတိရဆုတောင်းပေးကြလော့။ ခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ခံစားရပါစေသော။ ကောလောသဲဩဝါဒစာ ပြီးပါပြီ။
ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။
ညီအစ်ကိုမောင်နှမတို့… နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်မှာကြားလို၏။ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်သည် အရပ်ရပ်သို့ လျင်မြန်စွာ ပြန့်ပွား၍ သင်တို့သည် ထိုနှုတ်ကပတ်တရားတော်ကို ရိုသေလက်ခံသကဲ့သို့ အခြားသူတို့လည်း ရိုသေလက်ခံရန် ဆုတောင်းပေးကြလော့။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
ယေရှုခရစ်တော်၏ စစ်သားကောင်းတစ်ဦးအဖြစ် ဆင်းရဲဒုက္ခကို ကျွန်ုပ်နှင့်အတူ သည်းခံလော့။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ရှင်ဘုရင်ခန့်ထားသည့် ဘုရင်ခံတို့ကိုဖြစ်စေ နာခံကြလော့။ ထိုဘုရင်ခံတို့သည် ဒုစရိုက်သားများကို အပြစ်ပေးရန်နှင့် ကောင်းမှုပြုသူများကို ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။
သင်တို့ ဆင်းရဲဒုက္ခခံရလျှင်ပင် မည်သူမျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါးအမှု၌ စွက်ဖက်မှုတို့ကြောင့် ဆင်းရဲဒုက္ခခံရခြင်း မဖြစ်စေနှင့်။