Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေ 4:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သင်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင်ပင် မည်သူ​မျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါး​အမှု​၌ စွက်ဖက်မှုတို့​ကြောင့် ဆင်းရဲဒုက္ခ​ခံရခြင်း မဖြစ်စေနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သင် တို့ အ နက် မည် သူ မျှ လူ သတ် သူ ခိုး လူ ဆိုး လူ စွက် အ ဖြစ် ဖြင့် ပြစ် ဒဏ် မ ခံ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 လူ​အ​သက်​ကို​သတ်​သော အ​ပြစ်၊ သူ့​ဥ​စ္စာ​ကို​ခိုး​သော အ​ပြစ်၊ ဒု​စ​ရိုက်​ကို​ပြု​သော အ​ပြစ်၊ သူ​တစ်​ပါး​အ​မှု၌ ရော​နှော​သော​အ​ပြစ် ရှိ၍၊ သင်​တို့​တွင် အ​ဘယ်​သူ​မျှ မ​ခံ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​တို့​တွင် လူသတ်သမား​အဖြစ်​ဖြစ်စေ၊ သူခိုး​အဖြစ်​ဖြစ်စေ၊ ဒုစရိုက်​ပြု​သူ​အဖြစ်​ဖြစ်စေ၊ သူတစ်ပါး​အမှု​၌ ဝင်ရောက်​စွက်ဖက်​သူ​အဖြစ်​ဖြစ်စေ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:15
9 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သင်တို့​ထဲတွင် တချို့​သည် ပျင်းရိ​လေလွင့်​နေ​၍ အလုပ်​မလုပ်ဘဲ သူတစ်ပါး ကိစ္စများ​တွင် ဝင်ရောက်​စွက်ဖက်နေကြောင်း ကျွန်ုပ်တို့ ကြားရ၏။


ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်​အတိုင်း သင်တို့​သည် တည်ငြိမ်​အေးချမ်း​စွာ နေထိုင်​ရန် ရည်မှန်းချက်​ထား​၍ မိမိတို့​အရေး​ကိစ္စများ​ကို အာရုံစိုက်​လျက် မိမိတို့​လက်​ဖြင့် လုပ်ဆောင်လော့။


ထို့ပြင် သူတို့​သည် တစ်အိမ်​တက်​တစ်အိမ်​ဆင်း လှည့်လည်​ကာ ပျင်းရိသော​အကျင့် ရှိလာကြ၏။ ပျင်းရိသည်​သာမက အတင်းအဖျင်း​ပြော​လျက် မပြောသင့်သည့်​အရာ​ကို ပြော​၍ သူတစ်ပါး​ကိစ္စ​တွင် ဝင်ရောက်​စွက်ဖက်​တတ်ကြ၏။


ကောင်းမှု​ပြုခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရခြင်း​သည် ဘုရားသခင်​၏​အလိုတော်​ဖြစ်​ပါက ၎င်း​သည် မကောင်းမှု​ပြု​၍ ဆင်းရဲဒုက္ခ​ခံစားရခြင်း​ထက် ပို၍​ကောင်း၏။


ဤ​သတင်းကောင်း​ကြောင့် ကျွန်ုပ်​သည် ရာဇဝတ်သား​တစ်ယောက်​ကဲ့သို့​ပင် အကျဉ်းချ​ခံ​၍ ဆင်းရဲဒုက္ခ​ခံခဲ့ရ​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကိုမူ အကျဉ်းချ​၍ မရ။


ငါ့​ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် မဟုတ်မမှန်ဘဲ​အမျိုးမျိုး​စွပ်စွဲ​ပြောဆိုခြင်းတို့​ကို ခံရ​သောအခါ သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


ဖြောင့်မတ်​စွာ ပြုမူခြင်း​အတွက် ဆင်းရဲဒုက္ခ​ခံစားရ​လျှင်ပင် သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ လူတို့​၏ ခြိမ်းခြောက်မှု​ကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ