အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
၂ တိ 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ပြောသည့်အရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် သင့်အား အရာအားလုံးနားလည်နိုင်သောဉာဏ်ကို ပေးသနားတော်မူလိမ့်မည်။ Common Language Bible ငါ့စကားကိုဆင်ခြင်လော့။ ယင်းကိုနားလည် စေရန်သခင်ဘုရားသည်သင့်အားကူညီ တော်မူလိမ့်မည်။ Garrad Bible ငါ့ မိန့် မှာ ချက် ကို ဆင် ခြင် လော့။ အ ရာ ရာ၌ ဉာဏ် ကို အ ရှင် ဘု ရား သ နား တော် မူ လိမ့် မည်။ Judson Bible ငါ့စကားကို ဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ ဉာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့်မည်။ |
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
သူ့ကို ဆင်းရဲဒုက္ခအားလုံးထဲမှ ကယ်တင်တော်မူ၏။ ထို့ပြင် ဉာဏ်ပညာကို ပေး၍ အီဂျစ်ပြည်ကို အုပ်ချုပ်သောဖာရောဘုရင်ထံတွင် မျက်နှာပွင့်လန်းစေတော်မူ၏။ ထို့ကြောင့် ထိုဘုရင်သည် ယောသပ်အား အီဂျစ်ပြည်နှင့် သူ၏နန်းတော်တစ်ခုလုံးကို ကြီးမှူးသောဘုရင်ခံအဖြစ် ခန့်ထားလေ၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းကပင် အခြားသူတစ်ယောက်အား အသိပညာစကားကို ပေးတော်မူ၏။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… မှန်ကန်သောအရာ၊ ဂုဏ်သရေရှိသောအရာ၊ ဖြောင့်မတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ကောင်းမြတ်၍ ချီးမွမ်းဖွယ်ဖြစ်သည့် နှစ်လိုဖွယ်ကောင်းသောအရာ ဟူသမျှတို့ကို နှလုံးသွင်းကြလော့။
ထို့ကြောင့် သင်တို့အကြောင်းကို ကြားသည့်နေ့မှစ၍ ကျွန်ုပ်တို့သည် သင်တို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့သည် ဝိညာဉ်ရေးရာအသိပညာနှင့် နားလည်နိုင်စွမ်းအပေါင်းတို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝသိနိုင်ရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
သင်၏တိုးတက်မှုကို လူတိုင်းမြင်ရစေရန် ထိုအရာများကို စိတ်ရောကိုယ်ပါ အားထုတ်လုပ်ဆောင်လော့။
ကျွန်ုပ်ဟောပြောသည့် သတင်းကောင်းအတိုင်း ဒါဝိဒ်မင်း၏မျိုးနွယ်မှ ဆင်းသက်လာပြီး သေခြင်းမှထမြောက်တော်မူသောယေရှုခရစ်တော်ကို သတိရလော့။
အပြစ်သားများ၏ ဆန့်ကျင်ပုန်ကန်မှုကို ခံတော်မူသောကိုယ်တော်၏အကြောင်းကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့သည် စိတ်မပျက် အားမလျော့ဘဲ ရှိလိမ့်မည်။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ကျွန်ုပ်တို့၏ဘိုးဘေးအာဗြဟံသည် စစ်ပွဲမှ သိမ်းယူခဲ့သော ဥစ္စာပစ္စည်း၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အား ပေးလှူခဲ့ပြီး ဤသို့ပေးလှူခြင်းခံရသူသည် မည်မျှဂုဏ်အသရေရှိကြောင်း ဆင်ခြင်ကြလော့။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။