Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ့ မိန့် မှာ ချက် ကို ဆင် ခြင် လော့။ အ ရာ ရာ၌ ဉာဏ် ကို အ ရှင် ဘု ရား သ နား တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ကျွန်ုပ်​ပြောသည့်​အရာ​ကို ဆင်ခြင်လော့။ သခင်ဘုရား​သည် သင့်​အား အရာ​အားလုံး​နားလည်နိုင်သော​ဉာဏ်​ကို ပေးသနားတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:7
40 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​ရန်​မိန့်​တော်မူ​သောအခါ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရားတော်​များ​ကို လိုက်နာစောင့်ထိန်း​မည့်​အကြောင်း ထာဝရဘုရား​သည် သင့်​အား သိမြင်​နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​ပါစေသော​။


အကျွန်ုပ်​၏​သား​တော်​ရှောလမုန်​အား​လည်း ကိုယ်တော်​၏​ပညတ်တော်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​နိုင်​ရန်​နှင့် ဗိမာန်တော်​ဆောက်လုပ်​ဖို့ အကျွန်ုပ်​ပြင်ဆင်​ထား​ခဲ့​သည့်​အရာ​အားလုံး​ကို လုပ်ဆောင်​နိုင်​ရန်​အတွက် စုံလင်​သော​စိတ်နှလုံး​ကို ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​လေ​၏​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။


ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။


ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။


ငါ​သည် ထို​အဖြစ်​ကို​မြင်​သောအခါ နှလုံးသွင်း​၍ ငါ​တွေ့မြင်​သော​အရာ​ကို သင်ခန်းစာ​ယူ​၏​။


နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။


သူ​၏​ဘုရားသခင်​သည် သူ့​အား နည်းမှန်လမ်းမှန်​ကို​ပြပေး​တော်မူ​ပြီ​။ ညွှန်ကြား​တော်မူ​ပြီ​။


သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။


ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။


အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။


ထို့နောက် ကျမ်းစာ​ကို​နားလည်​ကြ​စေရန် သူ​တို့​၏​အသိစိတ်​ကို​ဖွင့်​ပေး​တော်မူ​ပြီးလျှင်


“ဤ​စကား​များ​ကို သင်​တို့​နား​ထဲ၌ စွဲမြဲ​စေ​ကြ​လော့။ လူ့သား​သည် လူ​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။


သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။


သူ​၏​ဆင်းရဲ​ဒုက္ခ​အလုံးစုံ​တို့​ထဲမှ သူ့​ကို​ကယ်နုတ်​ပြီး သူ့​အား​ဉာဏ်ပညာ​ကို​ပေး​လျက် အီဂျစ်​ဘုရင် ဖာရော​မင်း​ရှေ့၌ မျက်နှာရ​စေ​တော်မူ​၏။ ထိုအခါ ဖာရော​မင်း​သည် အီဂျစ်​ပြည်​နှင့်​မိမိ​၏​နန်းတော်​တစ်ခုလုံး​ကို ဦးဆောင်​သူ​အဖြစ် သူ့​ကို​ခန့်ထား​လေ​၏။


အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊


သူ​တို့​သည် ဉာဏ်ပညာရှိ​လျှင် ဤ​အမှု​ကို​နားလည်​ကြ​လိမ့်မည်​။ သူ​တို့​၏​နိဂုံး​ကို​ဆင်ခြင်​မိ​ကြ​လိမ့်မည်​။


ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။


ထို့ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှစ၍ သင်​တို့​အတွက် အစဉ်မပြတ်​ဆုတောင်း​လျက် သင်​တို့​သည် ဝိညာဉ်ရေး​ဆိုင်ရာ​ဉာဏ်ပညာ​နှင့် တတ်သိ​နားလည်​မှု​အလုံးစုံ​တို့​ဖြင့် ဘုရားသခင်​၏​အလို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်ဝ​၍


သင်​၏​တိုးတက်​မှု​သည် လူ​အပေါင်း​တို့​ရှေ့၌​ထင်ရှား​ရန် ထို​အမှုအရာ​များ​ကို ကြိုးစား​အားထုတ်​၍ ၎င်း​တို့​၌ မိမိ​ကိုယ်​ကို​နှစ်မြှုပ်​ထား​လော့။


ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။


ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။


ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


မျိုးနွယ်စုဖခင်​ဖြစ်သော​အာဗြဟံ​ပင် လက်ရ​ပစ္စည်း​များ​၏​ဆယ်ဖို့တစ်ဖို့​ကို ပေး​လှူ​ခဲ့​သော​ဤ​သူ​သည် မည်မျှလောက်​ကြီးမြတ်​သည်​ကို ဆင်ခြင်​ကြ​လော့။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။


ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။


သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။


ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ