Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သင်​၏​တိုးတက်မှု​ကို လူတိုင်း​မြင်ရ​စေရန် ထို​အရာများ​ကို စိတ်ရော​ကိုယ်ပါ အားထုတ်​လုပ်ဆောင်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို အ မှု များ၌ စိတ် ဝင် စား၍ ဆောင် ရွက် လော့။ သို့ မှ သင့် တိုး တက် ခြင်း သည် လူ ခပ် သိမ်း တို့ ရှေ့ ထင် ရှား လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သင်၏​တိုး​ပွား​ခြင်း​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို စိတ်​စွဲ​လမ်း၍ ကြိုး​စား​အား​ထုတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင်​၏​တိုးတက်​မှု​သည် လူ​အပေါင်း​တို့​ရှေ့၌​ထင်ရှား​ရန် ထို​အမှုအရာ​များ​ကို ကြိုးစား​အားထုတ်​၍ ၎င်း​တို့​၌ မိမိ​ကိုယ်​ကို​နှစ်မြှုပ်​ထား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:15
26 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ဆုတောင်းခြင်း​နှင့် နှုတ်ကပတ်​တရားတော်​ဟောပြောခြင်း​အမှုတို့​ကို အစဉ်တစိုက်​ပြုကြမည်” ဟု ပြောလေ၏။


ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ထိုသို့ သူတို့​သည် ကျွန်ုပ်တို့ မျှော်လင့်သည်​ထက် ပိုပြုကြ၏။ သူတို့​သည် ဦးစွာ ဘုရားသခင်​ထံ မိမိကိုယ်ကိုယ် ဆက်ကပ်​လှူဒါန်း​ပြီးနောက် ဘုရားသခင်​၏ အလိုတော်​အားဖြင့် ကျွန်ုပ်တို့​ထံ၌​လည်း ဆက်ကပ်​လှူဒါန်းကြ၏။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ