ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
၂ တိ 1:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧဖက်မြို့၌ ကျွန်ုပ်ရှိစဉ် သူသည် မည်မျှအကူအညီပေးခဲ့သည်ကို သင်ကောင်းစွာသိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထိုနေ့၌ သခင်ဘုရားသည် သူ့အား ကရုဏာတော်ခံစားရသောအခွင့်ကို ပေးသနားတော်မူပါစေသော။ Common Language Bible ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။ Garrad Bible အ ရှင် ဘု ရား သည် နေ့ တော် ကြီး၌ သူ့ အား က ရု ဏာ တော် ကို ခံ ခွင့် သ နား တော် မူ ပါ စေ သော။ ဧ ဖက် မြို့ တွင် လည်း မည် မျှ လုပ် ကျွေး သ မှု သူ ပြု ကြောင်း သင် ကောင်း စွာ သိ ၏။ Judson Bible သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ သခင်ဘုရားထံတော်မှ ကရုဏာတော်ခံစားရသောအခွင့်ကို သခင်ဘုရားသည် သူ့အားပေးတော်မူပါစေသော။ ဧဖက်မြို့၌ရှိစဉ်ကလည်း သူသည် ငါ့ကို မည်မျှလုပ်ကျွေးပြုစုခဲ့သည်ကို သင်ကောင်းစွာသိ၏။ |
ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
ဧဖက်မြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်သို့ သွား၍ ဂျူးတို့နှင့် တရားဆွေးနွေးလေ၏။
“ဘုရားသခင်၏အလိုတော်ရှိလျှင် သင်တို့ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့အား နှုတ်ဆက်ပြီးလျှင် ပြစ်ကိလနှင့် အာကုလတို့ကို ဧဖက်မြို့၌ ထားခဲ့၍ ရွက်လွှင့်လေ၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူမည့်နေ့တွင် သင်တို့၌ အပြစ်ကင်းနေစေရန်အတွက် ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ထိုသူအသီးသီးတို့၏ လုပ်ဆောင်မှုသည် ပေါ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာနေ့၌ ထိုသူတို့၏ လုပ်ဆောင်မှုကို မီးသည် ဖော်ပြမည်ဖြစ်သောကြောင့်ပင်။ ထိုမီးသည် လူအသီးသီးတို့၏ လုပ်ဆောင်မှုအရည်အသွေးရှိမရှိကို စစ်ဆေးလိမ့်မည်။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။
သို့သော် ကရုဏာတော် ကြွယ်ဝသော ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန် ချစ်တော်မူသဖြင့်
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
သူသည် ရောမမြို့သို့ ရောက်နေစဉ် ကျွန်ုပ်ကို မတွေ့မချင်း အလွန်ကြိုးစားရှာ၍ တွေ့ဆုံခဲ့၏။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ဟောပြောသောပရောဖက်တို့သည် ဤကယ်တင်ခြင်းနှင့်ပတ်သက်၍ ဂရုတစိုက်ရှာဖွေစူးစမ်းခဲ့ကြ၏။
ဧဖက်မြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ ရွှေဆီမီးတိုင်ခုနစ်တိုင်ကြားတွင် သွားလာသောသူက ဤသို့မိန့်တော်မူ၏။