Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သင်တို့​ခံစားရမည့်​ကျေးဇူးတော်​အကြောင်း​ကို ဟောပြောသော​ပရောဖက်တို့​သည် ဤ​ကယ်တင်ခြင်း​နှင့်​ပတ်သက်​၍ ဂရုတစိုက်​ရှာဖွေ​စူးစမ်းခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ပ​ရော​ဖက်​များ​သည်​ယင်း​ကယ်​တင်​ခြင်း​နှင့် ပတ်​သက်​၍​အ​သေ​အ​ချာ​စုံ​စမ်း​ရှာ​ဖွေ​ခဲ့ ကြ​၏။ သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​မည့်​ဤ​ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ဟော ကြား​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် အ ကြောင်း တင် ကူး ဟော ပြော သော ပ ရော ဖက် တို့ ပင် ထို ကယ် တင် ခြင်း နှင့် စပ်၍ စီ စစ် ရှာ ဖွေ ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို ပ​ရော​ဖက်​တို့​သည် စေ့​စေ့ စစ်​ကြော​မေး​မြန်း​ရှာ​ဖွေ၍၊ သင်​တို့ ခံ​ရ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:10
24 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​မြင်ရသော​အရာတို့​ကို ရှေးခေတ်​က ပရောဖက်များ​နှင့် ဖြောင့်မတ်သောသူတို့​သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့​ကြားရသော​အကြောင်းအရာတို့​ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။


ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။


ငါ​ပြောဆိုသည်​မှာ သင်တို့ မြင်ရသော​အရာတို့​ကို ရှေးခေတ်​က ပရောဖက်များ​နှင့် ဘုရင်တို့​သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့​ကြားရသော​အကြောင်းအရာတို့​ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


ထို​သူတို့​က “သင်​သည်လည်း ဂါလိလဲပြည်သား​ဖြစ်သလော။ ကျမ်းစာ​၌ ရှာဖွေ​လေ့လာလော့။ ဂါလိလဲပြည်​မှ မည်သည့်​ပရောဖက်​မျှ မပေါ်ထွန်းကြောင်း​ကို သင်​သိရ​လိမ့်မည်” ဟု ဆိုကြ၏။


ယေရှု​ခရစ်တော်​ကို ယုံကြည်သော​သူ​တိုင်း​သည် သူ​၏​အမည်​နာမ​အားဖြင့် အပြစ်တရား​မှ ခွင့်လွှတ်ခြင်း​ခံရမည်​ဟု ထို​အရှင်​နှင့် ပတ်သက်သည့်​အကြောင်း​ကို ပရောဖက်​အားလုံး​က သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ထို့နောက် သူတို့​သည် ပေါလု​နှင့်​တွေ့ဆုံ​ရန် ရက်ချိန်း​ရွေး​ကြ၏။ ချိန်းသည့်​နေ့​ရောက်သော် သူတို့​သည် လူပေါင်း​များစွာ​နှင့်တကွ ပေါလု​တည်းခိုရာ​နေရာ​သို့​ရောက်လာကြ၏။ ပေါလု​သည် နံနက်​အချိန်​မှ ည​အချိန်​တိုင်အောင် ထို​သူတို့​အား ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံလေ၏။ မောရှေ​၏​ပညတ်တရား​နှင့် ပရောဖက်ကျမ်းများ​ကိုလည်း ကိုးကား​၍ ယေရှု​အကြောင်း​ကို လက်ခံယုံကြည်​လာရန် ကြိုးစား​ဟောပြောလေ၏။


သင်တို့​ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်​ဟူ၍ ရှိသလော။ သူတို့​သည် ဖြောင့်မတ်သော​အရှင် ကြွလာမည့်​အကြောင်း ကြိုတင်ဟောပြောသော​သူများ​ကို သတ်ဖြတ်ကြ၏။ ယခု သင်တို့​သည် ထို​အရှင်​ကို သစ္စာဖောက်​၍ သတ်ကြပြီ။


ဤ​လူအပေါင်းတို့​သည် ယုံကြည်​လျက် သေလွန်ကြ၏။ သူတို့​သည် ဘုရားသခင်​ကတိပြုတော်မူသည့်​အရာများ​ကို မရရှိခဲ့​သော်လည်း အဝေး​ကပင် မြင်​၍ ကြိုဆိုခဲ့ကြ၏။ သူတို့​သည် ဤ​လောက​တွင် ခေတ္တ​တည်းခိုသူများ၊ ဧည့်သည်များ​သာ​ဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် ပိုမို​ကောင်းမွန်သော​အရာ​ကို ပြင်ဆင်ထား​သောကြောင့် ဖြစ်၏။ ထို​အရာ​ကို သူတို့​သည် ကျွန်ုပ်တို့​နှင့်အတူ လက်ခံရရှိ​လျှင် သူတို့​သည် ပြီးပြည့်စုံသူများ​ဖြစ်ကြ​လိမ့်မည်။


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ထို့ကြောင့် သင်တို့​၏ စိတ်နှလုံး​ကို အသင့်ပြင်​၍ တည်ကြည်​စေကြလော့။ ယေရှု​ခရစ်တော် ပြန်လည်​ကြွလာ​သောအခါ သင်တို့​ခံစားရမည့် ကျေးဇူးတော်​ကို အပြည့်အဝ​မျှော်လင့်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ